အပိုင်း(၂၃) Zhang Laifu & Gong Wangcai

80 16 16
                                    

Unicode

အပိုင်း(၂၃)

"ကုန်းလောင်ရှီး~ ရောက်လာပြီပေါ့ ၊ ည ခုနစ်နာရီတောင်ထိုးနေပြီ!"

"ဟုတ်ကဲ့၊ ကျွန်တော် တောင်းပန်ပါတယ်၊ လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေလို့ နောက်ကျသွားပါတယ်"

"လာ..လာ..ဒီမှာ မိတ်ကပ်ပြင်ပါ"

"ကုန်းလောင်ရှီး~ ရုပ်ရှင်ရိုက်ရတာ အရမ်းပင်ပန်းနေပြီထင်တယ်၊ ဆောင်းဦးရာသီမှာ လေထုကခြောက်သွေ့ နေတယ်၊ ကောင်းကောင်း အနားယူသင့်တယ်၊ အခုဆိုရင် နှုတ်ခမ်းတွေတောင် ဖောင်းပြီး ရောင်နေတယ်"

"ဟားဟားဟား၊ ကျွန်တော် အပူကန်နေတာ"

တဖက်တွင် ကျန်းကျယ်ဟန့်သည် Mercedes Benz ကားပေါ်တွင်ထိုင်ကာ ကုန်းကျွင့်၏ တိုက်ရိုက်ထုတ်လွှင့်တဲ့ဗီဒီယိုကိုကြည့်နေပြီး သူ့ပါးစပ်မပိတ်နိုင်ဖြစ်နေသည်။

ကုန်းကျွင့်သည် အိမ်ကနေမထွက်ခွာခင်မှာ Couple Style လက်စွပ်ကို ကျန်းကျယ်ဟန့် ရဲ့ လက်ဝတ်ရတနာ သိုလှောင်ပုံးထဲကနေ ယူပြီး သူ့လက်သူကြွယ်မှာ ဝတ်ဆင်ခဲ့သည်။ တကယ်တော့ သူတို့မှာရှိနေတဲ့ Couple Style လက်စွပ်တွေကဆဋ္ဌဂံပုံသဏ္ဍာန် တစ်မျိုးထဲသာ မဟုတ်ပါ။ သူတို့နှစ်ယောက်၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လက်ဆောင်ပေးခဲ့တဲ့ Couple Style လက်စွပ်အတွဲတွေ အများကြီး ထပ်ရှိပါသေးသည်။

ကျန်းကျယ်ဟန့်သည် ယနေ့ညတွင် ကုန်းကျွင့်က သူတို့အကြောင်းကို ထပ်မံပေါက်ကြားလိုကြောင်း ကြိုသိခဲ့ပြီး သူ့ကို ရပ်တန့်ချင်ခဲ့သည်။ ဒါပေမယ့် ကုန်းကျွင့်က လေးနက်တဲ့အမူအရာနဲ့ လက်စွပ်မဝတ်ဖို့ တားမြစ်နေတဲ့ သူ့ကို ပြန်ပြောခဲ့သည်။

"ဟန့်~ ကျွန်တော်က ကျွန်တော်တို့အကြောင်းကိုပေါက်ကြားတယ်၊ ဟန့် ရဲ့အသွင်အပြင်ကို အတုယူတယ်၊ ဟန့် ဝတ်ခဲ့တဲ့ လက်စွပ်တွေ၊ ဟန့် ဝတ်ခဲ့တဲ့အဝတ်အစားတွေ၊ ဟန့်နဲ့ဆင်တူ Couple Style တွေ ဝတ်ပြတယ်ဆိုတာက ကျွန်တော်တို့ရဲ့ပရိသတ်တွေက ဟန့်ကို ထာဝရအမှတ်ရနေစေရုံတင်မကပါဘူး၊ ဒါက ကျွန်တော်အတွက်ကတော့ ယုံကြည်ချက်တစ်ခုပါပဲ၊ ဟန့် ပိုင်ဆိုင်တဲ့ အမှတ်အသားကို ကျွန်တော် ထုတ်ဖော်ပြတာက ဟန့် ကို လွမ်းဖို့တစ်ခုတည်းအတွက် မဟုတ်သလို ဟန့် ကိုယ်စား ကျွန်တော်က ဆက်လျှောက်ဖို့လည်း မဟုတ်ဘူး၊ အဓိကအကြောင်းရင်းက ကျွန်တော်ချစ်တာက ဟန့် တစ်ယောက်ထဲလို့ သူတို့ကို သိစေချင်လို့ပါပဲ "

Light (Completed)Donde viven las historias. Descúbrelo ahora