Unicode
အပိုင်း(၃၈) Concert Moment
မှောင်ရိပ်ကျနေသော စင်မြင့်နောက်ကွယ်တွင် ကျန်းကျယ်ဟန့်သည် စင်မြင့်၏ဝင်ပေါက်တွင် မတ်တပ်ရပ်နေသည်။ စင်မြင့်အပြင်ဘက်တွင် ပရိသတ်များ၏ ဆူညံစွာအော်ဟစ်သံများကို သူ ကြားနေရပါသည်။ Host က ပရိသတ်ကို နှုတ်ခွန်းဆက်သံကြားရတော့ သူ စိတ်လှုပ်ရှားသွားသည်။ဤအခိုက်အတန့်မှာ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း သူအကြိမ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသော်လည်း ယခုအချိန်တွင်တော့ သူနှင့် သိပ်မရင်းနှီးသေးသလို ခံစားနေရသည်။
အထွတ်အထိပ်ကနေ အသူရာချောက်နက်ကြီးထဲပြုတ်ကျသည်အထိ ကြမ်းတမ်းသော လမ်းခရီးကို ဖြတ်ကျော်ပြီးတဲ့အခါမှာတော့ သူက အရင်ကလို မကြောက်မရွံ့ နဲ့ သူ့အိပ်မက်တွေအတွက် လွတ်လပ်စွာရွက်လွှင့်နိုင်ပါဦးမည်လား။ သူ့ပရိသတ်တွေကို ရင်ဆိုင်ဖို့အတွက် သူဘယ်လိုစိတ်မျိုးထားသင့်ပါသနည်း။ သူ့ရဲ့ယုံကြည်ချက်တွေက အရင်နှင့် ဘယ်လိုကွာခြားသွားပြီလဲ။ သူ့နှလုံးခုန်သံက သူ့ရင်ဘတ်ထဲက ခုန်ထွက်လာတော့မလို မြန်ဆန်လွန်းပြီး အလွန်ကျယ်လောင်နေသည်။
ကျန်းကျယ်ဟန့်သည် သူ့လက်ထဲက မိုက်ခရိုဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ တကယ်ကို မယုံကြည်နိုင်လောက်အောင်ပါပဲ။ သူဆိုတဲ့ ကျန်းကျယ်ဟန့်က ဘယ်အချိန်တုန်းကစပြီး စင်ပေါ်တက်ရမှာကို တုန်လှုပ်သွားတာလဲ။ ကျန်းကျယ်ဟန့်သည် အသက်ကို ပြင်းပြင်းရှူသွင်းရင်း သူ့နှလုံးခုန်နှုန်းကို ငြိမ်သက်အောင် ကြိုးစားနေလေသည်။
"ဟန်ဟန်~"
ကုန်းကျွင့်သည် သူ၏လက်ကို ဆုပ်ကိုင်လာပြီး သူ့လက်ဖဝါး၏ စိုစွတ်မှုနှင့် သူ၏ရင်ခုန်သံကို ခံစားလိုက်ရသည်။ သူသည် အနည်းငယ် အံ့သြသွားမိသည်။ သူ့ရဲ့ ဟန်ဟန်က တကယ့်ကို အရမ်းစိတ်လှုပ်ရှားနေတာပါလား။ ဒါပေမယ့် ဒါက ပုံမှန်ပါပဲလေ။ ဒီဖျော်ဖြေပွဲက ကျန်းကျယ်ဟန့် ရဲ့ ပထမဆုံး Come Back ဖျော်ဖြေမှု မဟုတ်လား။
လူပေါင်း ၁၈၀၀၀ ရှိတဲ့ ခန်းမကြီးတစ်ခုလုံးက ထိုင်ခုံတွေအားလုံးက လူပြည့်နေပါသည်။ ၎င်းသည် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူပရိတ်သတ် အရေအတွက်ကို ထည့်မတွက်ရသေးပါ။ ဟန်ဟန်သည် လူပေါင်း ၇၀၀၀ ဖြင့် SHL ဖျော်ဖြေပွဲကျင်းပရာနေရာတုန်းက အကြာကြီး အံ့သြနေသေးသည်။ ဒီနေ့ အားလုံး ကွင်းပြည့်ဖြစ်သွားတာကို တွေ့ရတော့ ပိုပြီး အံ့သြဝမ်းသာဖြစ်လိမ့်မယ်လို့ သူက ခန့်မှန်းမိပါသည်။
VOCÊ ESTÁ LENDO
Light (Completed)
FanficUnicode ကျန်းကျယ်ဟန့် - ကျွင့်ကျွင့် မင်းကို ဘယ်တော့မှလမ်းမခွဲဖို့ ငါကတိပြုထားခဲ့တယ်။ ဒါပေမယ့် ငါ့ရဲ့ ဖြစ်တည်မှုကမင်းအတွက်အားနည်းချက်နဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာမှာကိုငါတကယ်အရမ်းကြောက်မိတယ်။ ကုန်းကျွင့် - ဒီရလဒ်ကို ငါလုံးဝ မကျေနပ်ဘူး။ တနေ့ ငါတို့...