အပိုင်း(၄၀) A Journey to the Light

61 11 6
                                    

Unicode

အပိုင်း(၄၁)

  တိတ်ဆိတ်နေသော အခန်းထဲတွင် နံရံပေါ်ရှိ နာရီက တချက်ချက်မြည်နေသည်။

ဆောင်းနေ့လည်ခင်းတွင် နေရောင်ခြည်သည် တောက်ပနေသည်။

အခန်းပြတင်းပေါက်နားက မှန်ဗီဒိုထဲတွင် ဆုဖလားမျိုးစုံသည် ထွန်းလင်းတောက်ပနေသည်။

  ပူနွေးသောနေရောင်ခြည်သည် အေးစက်သောဒီဇင်ဘာဆောင်းရာသီတွင် အခန်း၏နွေးထွေးမှုကို ဖန်တီးပေးသည်။

  ကျန်းကျယ်ဟန့်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ရင်ခွင်ထဲတွင် ပိုက်ထွေးထားသော ပန်းနုရောင်အနှီးထုပ်လေးကို လက်ဖြင့် ညင်သာစွာ ပုတ်လိုက်သည်။  သူ့ရဲ့ နှုတ်ခမ်းထောင့်တွင် နူးညံ့သော အပြုံးတစ်ခု ရှိနေပြီး သူ့ရဲ့ မျက်ဝန်းတစ်စုံသည် ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ဖြစ်ပါသည်။

ထိုအခိုက်မှာ သူ့ရဲ့ ဘေးတဖက်က အပြာရောင်အနှီးထုပ်လေးသည် သူ့ဖက်ကိုတချက်လှည့်ကာ လူးလွန့်လာသည်။ ထိုအရာလေးသည် သူ၏ နူးညံ့သော စကားလုံးများဖြင့် နှစ်သိမ့်မှုအောက်တွင် မကြာမီ ပြန်၍ အိပ်ပျော်သွားပြန်သည်။

ကျန်းကျယ်ဟန့် သည် ပူနွေးသော နေရောင်ကြောင့် ငိုက်မျဉ်းသွားပြီး သူ့မျက်ခွံများက မှိတ်ကျသွားသည်။  သူအိပ်မက်ထဲကို နစ်မြုပ်သွားပြီး သိပ်မကြာခင်မှာပင် ရုတ်တရက် ထွက်လာသော ကျယ်လောင်သည့်အသံနှင့် ပြန်အနှိုးခံလိုက်ရသည်။

  "Baby HH!! ကျွန်တော်ပြန်လာပြီ! ဟန်ဟန့် ကိုအရမ်းလွမ်းတယ်"

 ကုန်းကျွင့်သည် သူ့ရဲ့ ခရီးဆောင်သေတ္တာကို အိမ်ထဲသို့ အလျှင်အမြန်ဆွဲယူလာကာ ဖိနပ်ကိုအမြန်ချွတ်ပြီး အခန်းထဲသို့ ပြေးဝင်လာကာ သုံးလကျော် အနားမကပ်နိုင်ခဲ့သော သူ၏ချစ်ရသူကို အမြန်တွေ့ချင်နေသည်။ 

သူချစ်သောဟန်ဟန်ကို မတွေ့ရတဲ့ သုံး‌လကျော်အတွင်း သူ့ရဲ့ လွမ်းဆွတ်မှုက ဖော်မပြနိုင်အောင်ပင်ဖြစ်သည်။  ညတိုင်းမှာ ဗီဒီယိုခေါ်ဆိုမှု ရှိသော်လည်း သူ့ရဲ့ဟန်ဟန့်ကို မထိတွေ့နိုင်သောကြောင့် ကုန်းကျွင့်သည် အမှန်တကယ်ပင် စိတ်မသက်မသာဖြစ်ရပါသည်။  ကျန်းကျယ်ဟန့်သည် အားလပ်ချိန်တွင် သူ၏ရိုက်ကွင်းကို တစ်ကြိမ်လာရောက်လည်ပတ်ခဲ့ပြီး ကုန်းကျွင့်သည် သူသွားလေရာတွင် စူပါဂလူးကော်ကဲ့သို့ ကပ်ထားလေသည်။ 

Light (Completed)Donde viven las historias. Descúbrelo ahora