အပိုင်း(၃)

133 26 11
                                    

Unicode

အပိုင်း(၃)

လူနာတင်ယာဉ်က ချက်ချင်းဆိုသလို ရောက်လာသည်။ သူတို့နှစ်ဦး၏ အထူးအခြေအနေကြောင့်မလိုအပ်သော ရှုပ်ထွေးမှုများကို ရှောင်ရှားရန် Privacy ကိုကာကွယ်ရန် ဆေးရုံမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

 
ကုန်းကျွင့် သည် အရေးပေါ်ကယ်ဆယ်ရေးအခန်းအပြင်ဘက်တွင်ရပ်ကာ မှန်ခန်းအတွင်းမှ ဆရာဝန်များက ကျန်းကျယ်ဟန့် ကိုဝိုင်းရံထားပြီး အလုပ်ရှုပ်နေသည်ကိုစိုက်ကြည့်နေသည်။
 

ကျန်းကျယ်ဟန့် ၏လက်မှ ဒဏ်ရာကို ဆရာဝန်များက ချုပ်ပေးနေသည်ကိုကြည့်ရင်း၊ သူ့ကိုဆေးထိုးခြင်းနှင့်သွေးသွင်းခြင်းများပြုလုပ်ပေးနေသည်ကိုကြည့်ရင်း၊ သူ့ကို CPR လုပ်နေသည်ကိုကြည့်ရင်းထိုလှုပ်ရှားမှုတိုင်းကသူ့နှလုံးသားကို နာကျင်စေသည်။

နှလုံးခုန်သံ မော်နီတာမှ အနီရောင် အချက်ပေးသံ များက တောက်လျှောက်ထွက်ပေါ်လာနေသည်။သူ၏ ချစ်ရသူသည် သေမင်းနှင့် စစ်ခင်းနေရသည် ကိုသူဒီအတိုင်းကြည့်နေရသည်။

ကုန်းကျွင့်၏ မျက်လုံးအကြည့်များကနက်ရှိုင်းနေသော်လည်း သူ လုံးဝ မငိုခဲ့ပေ။ အဆုံးစွန်သော ဝမ်းနည်းမှုတွင် မျက်ရည်များ မရှိတော့ဆိုသည်ကို သူသိလိုက်ရပေသည်။

  " ဟန့်..ဟန့် မရှိတော့ရင် ကျွန်တော်ဘယ်လိုလုပ်ပြီး ဒီရက်စက်ကြမ်းကြုတ်တဲ့ကမ္ဘာမှာတစ်‌ယောက်ထဲဝမ်းနည်းစွာနေနိုင်မှာလဲ"

"ဒီမသေချာမရေရာသောဘဝမှာ ကျွန်တော်က ဟန့်ကို နွေးထွေးစေပြီး ဟန့် ဘဝကို အလင်းပေးနိုင်တဲ့ အလင်းရောင်လို့ ကျွန်တော်ထင်ခဲ့မိတယ်"

"ဒါပေမယ့် မမြင်ရတဲ့နေရာက နာကျင်မှုတွေကဟန့် ကို တစစီကွဲကြေစေခဲ့တယ်၊ ​​နောက်ဆုံးတော့ ဟန်က ကျွန်တော့်ကို စွန့်လွှတ်ခဲ့တယ်၊ ကိုယ့်ကိုကိုယ် စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တယ် ဟန့် ကို ကာကွယ်ဖို့ ကျွန်တော် မစွမ်းဆောင်နိုင်ခဲ့ဘူး"

" ဘာလို့လဲဆို​တော့ ကျွန်​​တော်​က ဟန် ယုံကြည်​နိုင်​​လောက်​​အောင်​ အားကိုးရတဲ့ ကျွင့်ကျွင့် ဖြစ်​ဖို့ အရမ်းအားနည်း​နေခဲ့လို့ပါ"

Light (Completed)Hikayelerin yaşadığı yer. Şimdi keşfedin