အပိုင်း(၁၇)

73 16 2
                                    

Unicode

အပိုင်း(၁၇)

ကျန်းကျယ်ဟန့်သည် ဟော့ပေါ့စားသောက်ဆိုင်ကိုအလွန် အာရုံစိုက်ထားသည်။ အသေးစိတ်အရာအားလုံးနီးပါး ကိုယ်တိုင် တိကျစွာ စစ်ဆေးသည်။ တစ်ခါတလေ ညဘက် အလုပ်များတဲ့အခါ ကုန်းကျွင့်ကို Video Call ခေါ်ဖို့ အချိန်ကိုတောင် မေ့သွားတတ်ပြီး ခွေးပေါက်လေးက အတော်လေးကို မကျေမနပ် ဖြစ်ရသည်။ သူ့ဘေးမှာ ကျန်းကျယ်ဟန့် မရှိခဲ့တဲ့ အချိန်တိုင်းမှာ ကုန်းကျွင့်သည် အမြဲလိုလိုစိတ်တိုနေတတ်သည်။

ကံကောင်းထောက်မစွာပင် သူ့ပတ်ဝန်းကျင်ရှိ လူများသည် အလိုက်သိကြပြီး အကြောင်းကိစ္စ မရှိလျှင် သူ့စိတ်ကို နှိုးဆွပေးမည် မဟုတ်ပေ။ ကျန်းကျယ်ဟန့် နှင့် ရင်းနှီးသော LYN နှင့် RB တို့သည် အားလပ်ချိန်များတွင် သူချစ်သော ကျန်းလောင်ရှီး အကြောင်း ကုန်းကျွင့် နှင့် စကားလာပြောတတ်ပြီး ကျန်းကျယ်ဟန့် နှင့် အလုပ်တွဲလုပ်သော အခါတုန်းက ဖြစ်ပျက်ခဲ့သော ပျော်စရာအမှတ်တရ အချို့ကို ပြောပြကာ ကုန်းကျွင့် ၏ လွမ်းဆွတ်မှု ကို လျော့ပါးသက်သာစေသည်။

ကုန်းကျွင့် သည် အလွန်နာခံစွာဖြင့် ရိုက်ကွင်းတွင်အလုပ်ကြိုးစားလုပ်သည်။

အေးဂျင့် အစ်မ Zhang Ting သည် ကုန်းကျွင့် တစ်ယောက် နာခံမှုဖြင့် အလုပ် ပူးပေါင်း လုပ်ဆောင်ကာ ရှန်ဟိုင်း သို့ ခိုးမထွက်သွားခြင်း အတွက် သူမ၏ ကျေးဇူးတင်ကြောင်း ကို တိတ်ဆိတ်‌စွာနေပေးခြင်းဖြင့် ဖော်ပြသည်။ ဒါပေမယ့် ဒီမနက်မှာတော့ CPF ကို ဆဲဆိုကြိမ်းမောင်းတဲ့ သူ့ရဲ့ Solo Fan တစ်ယောက်ရဲ့ စကားကြောင့် ကုန်းကျွင့် ရဲ့ မမျှော်လင့်ထားပဲ ဒေါသပေါက်ကွဲမှုကို ရင်ဆိုင်လိုက်ရသည်။

"ဘယ်က Mummy လဲ? မင်းတို့ Mummy က သေဆုံးသွားပြီ။ ဘယ်တော့မှပြန်မလာတော့ဘူး၊ စိတ်ကူးယဉ်မနေနဲ့တော့"

Online Entertainment နှင့် အကျွမ်းတဝင်ရှိပြီး CPF များ၏ ခေါင်းကိုင်ဖခင်ကြီးဖြစ်သော ကုန်းကျွင့် သည် တောင်ပေါ်ကြက်ဥများ၏ Daddy and Mummy အမည်ပြောင်များကို သိခဲ့သည်မှာကြာပါပြီ။ အဲဒီတုန်းက သူက ဟန့် ကိုတောင် Mummy ဆိုပြီး လိုက်ခေါ်ကာ စ နောက်ခဲ့သေးသည်။

Light (Completed)Tempat cerita menjadi hidup. Temukan sekarang