Unicode
အပိုင်း(၁၈-၂)
ဆေးရုံပေါ်တွင်ဖြစ်သည်။
ဆရာဝန်က ထိုးဆေးကို ဆေးထိုးပြွန်ထဲ စုတ်ယူလိုက်ပြီး ပြောလိုက်သည်။
"အခုချက်ချင်းပဲ လူနာကို ဖြေဆေးထိုးရမယ်၊ လူနာရှင်တွေ ဘေးဖယ်ပေးပါ"
ကုန်းကျွင့် က နာခံစွာ နောက်ဆုတ်လိုက်ပြီး သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း သူ့ တကိုယ်လုံး ဒေါသဖြင့် တဆတ်ဆတ် တုန်ယင်နေသည်။ XuKai က သူ့ကို ကြည့်လိုက်တော့ ကုန်းကျွင့်က ရေခဲရေလောင်းချထားသလိုပဲ၊ သူ့တစ်ကိုယ်လုံးက အေးစက်တောင့်တင်းနေသည်။
ကုန်းကျွင့် က ဒေါသအထွက်လွန်ပြီး ရူးသွပ်သွားတာလား၊ သူ့ကိုကြည့်ရတာ လူသတ်ချင်စိတ် ပေါက်နေသလိုပါပဲ။ XuKai ထိတ်လန့်သွားသည်။
"XuKai"
"ဟင်?"
XuKai တုန်လှုပ်သွားပြီး အမြန်ပြန်ဖြေလိုက်သည်။
"ကျယ်ဟန့် ကို ငါ့ကိုယ်စား မင်း ခဏဂရုစိုက်ထားပေးပါ၊ ငါအခု တစ်ခုခု သွားလုပ်ဖို့ရှိတယ်၊ ကိစ္စတွေပြီးမှ ငါသူ့ကို လာခေါ်လိုက်မယ်"
ကုန်းကျွင့်ရဲ့အသံက အေးစက်နေသည်။
"ကုန်းကျွင့်!!! မင်း ဘယ်သွားမလို့လဲ? အရမ်းလွန်လွန်ကဲကဲ အစွန်းရောက် မလုပ်ပါနဲ့၊ ကျယ်ဟန့် နိုးလာလို့...မင်းကို မေးရင် ဘယ်လိုလုပ်မလဲ..."XuKai ရဲ့စကားမဆုံးခင်မှာ ကုန်းကျွင့်က တံခါးကိုဆွဲဖွင့်ပြီး ထွက်သွားသည်။
လွန်လွန်ကဲကဲ???
အစွန်းရောက်??
ဟန့်ဟန့် ကို သူတို့လုပ်ခဲ့တဲ့အရာတွေကရော. လွန်လွန်ကဲကဲ...အစွန်းရောက်...မဟုတ်ဘူးလား?
သူတို့က တစ်ချိန်လုံး ဟန့်ကို ဘယ်လို ဖျက်ဆီးပစ်ရမလဲပဲ စဉ်းစားနေတာ။
ဟန်ဟန့်ကို ဆေးခတ်ပြီး ဗီဒီယိုရိုက်တယ်ပေါ့။ ပြီးရင် ကျန်းကျယ်ဟန့် က ဆေးသုံးပြီး ဆေးလွန်သွားတယ် ပြောမယ်ပေါ့လေ။ ရွံရှာစရာကောင်းလောက်အောင် ယုတ်မာလိုက်တဲ့ လုပ်ကြံမှုကြီးပါလား။ သူတို့နေထိုင်တဲ့ ကမ္ဘာလောကကြီးက တကယ့်ကို ဆိုးရွားလွန်းလှပါလား။
DU LIEST GERADE
Light (Completed)
FanfictionUnicode ကျန်းကျယ်ဟန့် - ကျွင့်ကျွင့် မင်းကို ဘယ်တော့မှလမ်းမခွဲဖို့ ငါကတိပြုထားခဲ့တယ်။ ဒါပေမယ့် ငါ့ရဲ့ ဖြစ်တည်မှုကမင်းအတွက်အားနည်းချက်နဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာမှာကိုငါတကယ်အရမ်းကြောက်မိတယ်။ ကုန်းကျွင့် - ဒီရလဒ်ကို ငါလုံးဝ မကျေနပ်ဘူး။ တနေ့ ငါတို့...