အပိုင်း(၁၉)

71 17 2
                                    

Unicode

အပိုင်း(၁၉)

အိမ်အပြန်လမ်းမှာ ကားထဲမှာ ကုန်းကျွင့် က ကျန်းကျယ်ဟန့် ကို  ပွေ့ဖက်ထားရင်း သူ့မျက်လုံးတွေက ငြိမ်သက်စွာ အိပ်စက်နေတဲ့ ဟန့် မျက်နှာလေးကို စိုက်ကြည့်ရင်း သူ့လက်ချောင်းတွေနဲ့ရောယှက်နေတဲ့ ဟန့် လက်ဖဝါးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

  "ဟန့် ကိုယ်ပေါ်က ဘာလို့ အရမ်းပူခြစ်နေတာလဲ? XuKai မင်းကို ဆေးရုံမှာ သူ့ကို စောင့်နေပါလို့ပြောထားတာကို ဘာလို့အပြင်ခေါ်ထုတ်လာတာလဲ?"

 "ကုန်းကျွင့် မင်းဘာပြောဦးမလို့လဲ၊ မင်းအရူးမထရင်သူက ဘယ်လိုလုပ်ပြီး အပြင်ထွက်သွားမှာလဲ။ သူ့ခန္ဓာကိုယ်က အားပျော့လွန်းလို့ မတ်တပ်တောင်မရပ်နိုင်တာကို ဆေးသွင်းထားတဲ့ပြွန်ကို ဆွဲထုတ်ပြီး မင်းကိုလိုက်ရှာဖို့ သူ့ကိုခေါ်သွားပါ လို့ ငါ့ကိုတောင်းပန်တယ်။ မင်းဘယ်လို ပြောချင်သေးလဲ။ မင်းအစထဲက ငါပြောတာ နားမထောင်ဘူး။ အဖျားကပုံမှန်တုံ့ပြန်မှုတစ်ခုပါလို့ ဆရာဝန်က ပြောထားတယ်။ ဆရာဝန်ထိုးထားတဲ့ဆေးက အာနိသင်ပြလာရင် အဖျားက ပြန်ကျသွားပြီး သူပြန်ကောင်းလာလိမ့်မယ် "

  XuKai စကားကြားတော့ ကုန်းကျွင့် က ပါးစပ်ပိတ်သွားသည်။ သူခဏတာ စိတ်မထိန်းနိုင်ခဲ့တာအမှန်ပါပဲ။ သူ့ရဲ့ဟန့်က နေမကောင်းတဲ့ကြားထဲက သူ့ကိုတားဆီးဖို့ အရောက်ပြေးလာခဲ့ရတာပါ။

တော်ပါသေးသည်။ သူအမှားကြီးကျူးလွန်မိတော့မလို့ပါလား။ သူ့လက်ထဲကမှတ်တမ်းတွေကို အခုထုတ်ပြလိုက်ရင် မှားသွားလိမ့်မယ်။ တဖက်ကထိုအချက်ကိုတွက်ချက်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားလိမ့်မယ်။ ဒီလိုဆိုရင် သူ၏လက်ထဲက ဤမှတ်တမ်းများသည် အနာဂတ်တွင် အသုံးမဝင်နိုင်တော့ပါ။ 

XuKai ပြောသလိုပဲ သူ့လက်ထဲမှာ ရှိနေတဲ့မှတ်တမ်းတွေက မလုံလောက်သေးပါဘူး။ ထိုးနှက်ချက်တစ်ခုတည်းနဲ့ တစ်ခါထဲအနိုင်မယူနိုင်ရင် ပြန်အကိုက်ခံရနိုင်ပါတယ်။ ပြီးခဲ့တဲ့လကဆိုရင် သူ့ကို တိုက်ခိုက်ခံရတုန်းက သူစုဆောင်းထားတဲ့ အချက်အလက်တွေကိုသုံးပြီးတန်ပြန်တိုက်ခိုက်နိုင်ခဲ့တာမဟုတ်လား။

Light (Completed)Onde histórias criam vida. Descubra agora