အပိုင်း(၁၄)

73 20 4
                                    

Unicode

အပိုင်း(၁၄)

ကုန်းကျွင့် သည် GPS မြေပုံလမ်းညွှန်ကို ဖွင့်ပြီး ကားစက်နှိုးလိုက်သည်။

"နတ်သမီးရေကန်"

ကျန်းကျယ်ဟန့် သည် လမ်းကြောင်းပြသည့်နေရာကို လှမ်းကြည့်လိုက်သည်။ ယခုအချိန် သွားလိုက်ရင်အရမ်းနောက်ကျနေမည်လား။  ဒီည ညစာစားဖို့ အိမ်ပြန်ရမှာ ကုန်းကျွင့် မေ့သွားပြီလား?

 "ဟန့် စိတ်မပူပါနဲ့ မား ကိုပြောပြီးပြီ။ ကျွန်တော်တို့နောက်ကျမယ်၊ အရင်ထမင်းစားနှင့်လို့၊ ကျွန်တော်တို့က မနက်ဖြန် ပြန်ကြမှာ မို့လို့ ဒီနေ့ပဲသွားပြီး ဆုတောင်းလိုက်ကြရအောင်"

  "ဟားဟား၊ ကောင်းပြီလေ၊ သွားကြရအောင်"

ကျန်းရှီး ဇာတိ ဖြစ်သော ကျန်းကျယ်ဟန့် သည် နတ်သမီးရေကန်တွင် ဘာတွေဆု‌တောင်းကြသည်ကိုသိပြီးဖြစ်သည်။  အချစ်နှင့် အိမ်ထောင်ရေး အတွက် ဆုတောင်းသော နေရာဖြစ်သည် မဟုတ်ပါလား။  သူ့ရဲ့ ကျွင့်ကျွင့် က အရမ်းရိုမန်တစ်ဆန်တာ ပါလား။  မနေ့က သူက လက်ထပ်ခွင့်မတောင်းရသေးဘူး ပြောခဲ့လို့ သူ့ကိုဖွင့်ပြောပြီး လက်ထပ်ခွင့် တောင်းမှာများလား။

သူတို့ နှစ်ယောက်သား နတ်သမီးရေကန်ဆီ ကို ရောက်တော့ နေဝင်ခါနီးအချိန်ဖြစ်၍ တံခါးပိတ်ရန်နာရီဝက်သာလိုတော့သည်။  ဒီကနေ့ကဆောင်းဦးလယ်ပွဲတော်နေ့ဆိုတော့ အားလုံးက အိမ်မှာ မိသားစုဆုံဆည်းတဲ့ ညစာအတွက် ပြင်ဆင်ရင်းအလုပ်ရှုပ်နေကြပုံရသည်။  နတ်သမီးရေကန်ထဲမှာ လူအနည်းငယ်ပဲ ရှိနေတာဆိုတော့ သူတို့အတွက် ပိုအဆင်ပြေသွားသည်။ ကုန်းကျွင့် သည် ဆုတောင်းကတ်သုံးခုကို ဝယ်ခဲ့ပြီး သူ၏မျက်လုံးများသည် နူးညံ့မှုအပြည့်ဖြင့် ကျန်းကျယ်ဟန့် ၏လက်ကိုကိုင်ကာ ဆုတောင်းနေရာဆီသို့ လျှောက်သွားခဲ့သည်။  ဆုတောင်းကောင်းချီးစာတန်းတွေ နဲ့ ပြည့်နေတဲ့နေရာဆီ သူတို့ရောက်သွားသည်။

 "ကျွင့်ကျွင့် မင်း ဘာလို့ ဆုတောင်းကတ် သုံးခု ယူလာတာလဲ"

ကျန်းကျယ်ဟန့် က ကုန်းကျွင့် ကို မေးလိုက်ပေမယ့် ကုန်းကျွင့် က ပြန်မဖြေ‌ခဲ့ပါ။  Mask တပ်ထားသောကြောင့် ကျန်းကျယ်ဟန့် သည် ကုန်းကျွင့် ၏ မျက်နှာအမူအရာကို မမြင်နိုင်ပေ။  ဒါပေမယ့် သူ့မျက်လုံးထဲက စိတ်ဓါတ်ခိုင်မာမှု နဲ့ ချစ်ခြင်းမေတ္တာတရား ကိုသူခံစားလို့ရသည်။ ထိုတောက်ပသော မျက်လုံးများမှ အနာဂတ်မျှော်လင့်ချက်များကို သူမြင်ရသည်။

Light (Completed)Donde viven las historias. Descúbrelo ahora