အပိုင်း(၄)

110 24 10
                                    

Unicode

အပိုင်း(၄)

ကုန်းကျွင့် ဆေးရုံရောက်ချိန်မှာတော့ ကျန်းကျယ်ဟန့် က နိုးနေပြီး သူက စိတ်ဝိညာဉ်ဆုံးရှုံးသွားသလို ကုတင်ပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေသည်။

"ဟန့်  ကျွန်တော် ရောက်လာပြီလေ "

ကုန်းကျွင့် ကုတင်အစွန်းမှာထိုင်ပြီး ကျန်းကျယ်ဟန့် ပါးပြင်ကိုလက်နဲ့ထိပြီး နဖူးကိုစမ်းလိုက်သည်။  ပါးပြင်များသည် နွေးထွေးနေပြီး ခန္ဓာကိုယ်အပူချိန်သည် ပုံမှန်ပြန်ဖြစ်ပုံရသည်။

ကျန်းကျယ်ဟန့် က သူ့ကို လုံးဝမတုံ့ပြန်ဘဲ မျက်လုံးများမှေးစင်းထားပြီးဘာတွေတွေးနေလဲမသိ။

"ဟန့် နိုးပြီလား။ ဘာဖြစ်နေတာလဲ"

ကုန်းကျွင့် က မျက်မှောင်ကြုတ်ကာ ဘေးမှာရှိနေသည့် ရှောင်ယွီ ကို မော့ကြည့်တော့ ရှောင်ယွီ ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းနေတာကို မြင်လိုက်ရပြီး သူ့မျက်လုံးတွေက ဝမ်းနည်းမှုတွေ ပြည့်နှက်နေသည်။

ကုန်းကျွင့်သည် သူ့ရဲ့ ဟန့် က စိတ်ထဲအဆင်မပြေသေးမှန်းနားလည်ထားပြီး အခုချိန်မှာတော့ စကားမပြောချင်တာ သိတော့ အတင်းအကြပ် မလုပ်တော့ပဲ သူ့ကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး နောက်ကျောကို ပုတ်ပေးလိုက်သည်။

 "မကြောက်ပါနဲ့ ဟန်.. ကျွန်တော် ဒီမှာ ရှိတယ်။ အမြဲရှိတယ်။ ဟန် မိုက်မဲတာတွေထပ်မလုပ်ရတော့ဘူး သိလား? ဟန်သိရဲ့ လား ကျွန်တော် ဘယ်လောက် ကြောက်လန့်သွားတယ်ဆိုတာ? ဟန် ကျွန်တော့် ကို ဘာလို့ တစ်ယောက်တည်း ထားခဲ့ရက်တာလဲ?  ဟန့်လက်ကောက်ဝတ်ကို ဘာလို့ အဲ့လိုလုပ်ရတာလဲ? ဒါက ဘယ်လောက်တောင် နာကျင်လိုက်မလဲ…”

ကုန်းကျွင့် က သူ့နှလုံးသားထဲက နာကျင်မှုကို ကျိတ်မှိတ်ခံစားပြီး ဟန့် နားရွက်နားကိုကပ်ပြီး တိုးတိုးလေး တီးတိုးပြောသည်။

ကျန်းကျယ်ဟန့် သည် ကုန်းကျွင့် ၏ ပုခုံးပေါ် မျက်နှာအပ်ကာ မျက်လုံးများကို မှိတ်ထားရင်း တဖြည်းဖြည်း ငြိမ်သက်သွားကာစိတ်ချလက်ချပြန်အိပ်ပျော်သွားခဲ့သည်။

Light (Completed)Donde viven las historias. Descúbrelo ahora