အပိုင်း(၃၂) အလှည့်အပြောင်း

57 11 20
                                    

Unicode

အပိုင်း(၃၂) အလှည့်အပြောင်း

ကုန်းကျွင့်သည် ဧည့်ခန်းထဲတွင် ရပ်ကာ မီးဖိုခန်းထဲက ကျန်းကျယ်ဟန့်၏ ကျောပြင်ကို ကြည့်လိုက်သည်။ အထီးကျန်သည်~ ဝမ်းနည်းဖွယ်ကောင်းသည်။

ကုန်းကျွင့်က မီးဖိုချောင်ထဲလိုက်ဝင်သွားကာ ကျန်းကျယ်ဟန့်၏ ခါးကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး သူ့ခေါင်းကိုငုံ့ပြီး ဟန့်လည်တိုင်မှာ မြှုပ်ထားလိုက်သည်။

   "ဟန့်!!! ကျွန်တော်တို့ လမ်းမခွဲဘူးနော်။ လမ်းမခွဲဘူးလို့ ပြောခဲ့တယ် မဟုတ်လား။  ကိုကို အမြဲရှိနေမယ် ဆိုပြီး ပြောခဲ့တာ မဟုတ်လား။ ဟန့်က ကတိမပျက်ရဘူး။ ဟန့် ပြောခဲ့တာ အတည် မဟုတ်လား။ ကျွန်တော့်ကို မလိမ်ရဘူးနော်"

"ကျွင့်ကျွင့် ..."

ကျန်းကျယ်ဟန့်သည် ကိုယ်ကိုပြန်လှည့်လိုက်ပြီး ဝမ်းနည်းနာကျင်နေတဲ့ သူ့၏ခွေးလေးကို နှစ်သိမ့်ဖို့ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

  "ဟုတ်ပါတယ်၊ ငါလဲ မင်းနဲ့ မခွဲချင်ပါဘူး။ ဒါပေမယ့် ငါအမြဲ ကြောက်နေခဲ့တာက~ ငါက.. မင်းကိုအဆုံးသတ်သွားမှာ... ငါကြောက်တယ် "

ကျန်းကျယ်ဟန့်သည် သူ့နှလုံးသားထဲက စကားလုံးတွေကို သွန်ချလိုက်သည်။

  "ငါက ဒါကို လက်မခံနိုင်ဘူး။ အဲ့လိုဆိုရင် ငါက ကိုယ့်ကိုကိုယ် သေတဲ့အထိ မုန်းနေလိမ့်မယ်"

ကျန်းကျယ်ဟန့်သည် ပြောရင်း မျက်ရည်တွေကို မထိန်းချုပ်နိုင်တော့ပါ။  ကုန်းကျွင့် က သူ့အတွက် ဘက်ပေါင်းစုံက အနိုင်ကျင့်မှုတွေကို ကြံ့ကြံ့ခံပြီး နောက်ဆုံး သူ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို စွန့်လွှတ်လိုက်ရမယ်ဆိုရင် သူစဉ်းစားကြည့်ရုံနဲ့ပင် မခံစားနိုင်တော့ပါ‌လေ။

  "အဲ့ဒီလိုဆိုရင် အဲ့ဒီအချိန်ကထဲက ငါသေသွားခဲ့ရင်အရမ်းကောင်းမယ်။ မင်းကို ထိုးလိုက်တဲ့ဓား ဖြစ်ရတာထက် ငါသေသွားတာက ပိုကောင်းတယ်."

  "ဟန်ဟန်၊ အဲ့လိုမတွေးရဘူး!"

ကုန်းကျွင့်သည် သူ့ရဲ့ဟန်က ငိုနေပြန်ပြီဆိုတာ သိပြီး သူ့မျက်ရည်ကို သုတ်ပေးချင်ပေမယ့် ကျန်းကျယ်ဟန့် က သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ သူ့နှာခေါင်းတွေက နီရဲနေပြီး သူ့မျက်နှာပေါ်မှာ မျက်ရည်တွေနှင့်မို့ ဒါကို သူ့ရဲ့ ကျွင့်ကျွင့် မမြင်စေလိုပါလေ။

Light (Completed)Tempat cerita menjadi hidup. Temukan sekarang