အပိုင်း(၁)💔💔💔

245 27 6
                                    

Unicode

အပိုင်း(၁)

ပထမဆုံးအပိုင်းက အရမ်းရင်ကွဲစရာတွေပါတာမို့ ကျေးဇူးပြု၍တစ်ရှူးဆောင်ထားပေးကြပါနော်။

ဤ Fic သည် စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ အဖြစ်မှန်မဟုတ်ပါ! အဖြစ်မှန်မဟုတ်ပါ!အဖြစ်မှန်မဟုတ်ပါ!

ကျန်းကျယ်ဟန့်သည် အခုတလော သူ့အပေါ်အန္တရာယ်တစ်ခုခု ကျရောက်လာတော့မည် ဟု ကြိုပြီးခံစားနေရသည်။

"ဟန့်ဟန့် သတိဝင်ပါဦး"

ကုန်းကျွင့် က သူ့လက်ကို ဆန့်တန်းပြီး ငေးငိုင်နေသော ကျန်းကျယ်ဟန့် ရှေ့မှာ ဝှေ့ယမ်းလိုက်သည်။

"ဟင်? ဘာဖြစ်လို့လဲ"

ကျန်းကျယ်ဟန့်ရုတ်တရက်သတိပြန်ဝင်လာသည်။ သူ့လက်ထဲကတူနဲ့ညှပ်ထားတဲ့ခေါက်ဆွဲကြော်ကသတိမထားမိဘဲပန်းကန်ထဲပြန်ကျသွားသည်

"ဟန့် ဟန့် စိတ်ထဲမှာတစ်ခုခုတော့ရှိနေတယ်မဟုတ်လား"

ကုန်းကျွင့် က ကျန်းကျယ်ဟန့် ရဲ့ လက်ကို သူ့လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီးပြောလိုက်သည်။

"မဟုတ်ပါဘူး၊ မင်းအတွေးလွန်နေတာ"
ကျန်းကျယ်ဟန့် သူ့လက်ကို ရုန်းထွက်ချင်သော်လည်း ကုန်းကျွင့် က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

"ကျွန်တော့်ကိုဘာမှမဖုံးကွယ်ပါနဲ့ ကျွန်တော်တို့အတူတူရှိနေရင် ဘယ်ပြသနာမဆိုဖြေရှင်းဖို့ ​​အမြဲတမ်းနည်းလမ်းရှိတယ်လေ"

ကုန်းကျွင့် သည် မျက်တောင်မခတ်ဘဲ ကျန်းကျယ်ဟန့် ကိုစိုက်ကြည့်ကာ သူ့မျက်နှာမှသဲလွန်စအချို့ကိုမြင်အောင်ကြိုးစားသည်။

"ကောင်းပြီ မင်းလျှောက်မတွေးနဲ့တော့ ငါဒီနေ့ခရီးက ပြန်လာတာ ပင်ပန်းနေပြီ ဒီကိုလာပါဦး တချက်လောက်ဖက်ထားချင်လို့ပါ Bao~"
ကျန်းကျယ်ဟန့် က သူ့လက်ကိုဆွဲကာ မတ်တပ်ထရပ်ပြီး ကုန်းကျွင့် ၏ခေါင်းကို ပွေ့ဖက်ကာ နူးညံ့သောဆံပင်ကို နမ်းလိုက်သည်။

"ဟန်~"

ကုန်းကျွင့် က ကျန်းကျယ်ဟန့် ကို သူ့ပေါင်ပေါ် ဆွဲတင်လိုက်ပြီး နက်ရှိုင်းသော အနမ်းတစ်ခုသည် မျှော်လင့်ထားသည့်အတိုင်း ရောက်လာသည်။ ကျန်းကျယ်ဟန့် သည် ကုန်းကျွင့် ၏လည်ပင်းကို သိုင်းဖက်ကာ အနမ်းများကိုတုန့်ပြန်လိုက်သည်။

Light (Completed)Donde viven las historias. Descúbrelo ahora