အပိုင်း(၃၉) ပြန်လည်စတင်ခြင်း

56 11 10
                                    

Unicode

အပိုင်း(၃၉) ပြန်လည်စတင်ခြင်း

"ဟန်ဟန် ၊ ဒီဇာတ်ညွှန်းက အဆင်ပြေမယ် မထင်ပါဘူး၊ ကျွန်တော်တို့ အခြားတစ်ခုကို ပြောင်းပြီးကြည့်ရအောင်ပါ"

ကုန်းကျွင့်သည် ဇာတ်ညွှန်းစာအုပ်ကို ကိုင်ဆောင်ထားသော ကျန်းကျယ်ဟန့် ရဲ့နောက်ကို လိုက်သွားပြီး သူ့မျက်ခုံးတွေကို တွန့်ချိုးထားသည်။

 "မဟုတ်ဘူး! ငါကြိုက်တယ်၊ ဒီ ဇာတ်ညွှန်းကိုပဲ ရွေးလိုက်တော့မယ် "

ကျန်းကျယ်ဟန့်က ခေါင်းမာစွာ ပြန်ပြောလာသည်။

 ကုန်းကျွင့်သည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်း တိုးလိုက်ပြီး ကျန်းကျယ်ဟန့်၏ခါးကို အနောက်ဖက်ကနေဖမ်းချုပ်ကိုင်လိုက်ပြီး သူ့လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို လုယူဖယ်ရှားလိုက်သည်။

 "ကုန်းကျွင့်~ ငါ့ကိုလွှတ်ပေး"

သူ့လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို ကုန်းကျွင့်ကသိမ်းယူသွားတာကို တွေ့လိုက်ရတော့ ကျန်းကျယ်ဟန့် က ပြန်ယူဖို့ရာ ကြိုးစားရုန်းကန်နေသည်။

"Baby HH!! လိမ်မာပါတယ်နော်၊ ဒီဇာတ်ရုပ်က တကယ်မကောင်းဘူး။ ဟန့် ခန္ဓာကိုယ်က မခံနိုင်လောက်ဘူး။ ဒါတွေအားလုံးက အက်ရှင်ဒရာမာတွေပဲ။ ပြီးတော့ နွေရာသီမှာရိုက်ကူးရမယ်။ ရွှံ့ကန်တွေ၊ မြေလွှာလျှောတွေ၊ အဆောက်အဦးတွေကနေ ခုန်ချရပြီး မှန်ကွဲစ‌တွေ၊ မီးပင်လယ်တွေကို ကျော်ဖြတ်ရတာတွေလည်း ပါတယ်။ ဒါမျိုးက ထိခိုက်ဒဏ်ရာရဖို့ဆိုတာ အရမ်းလွယ်တယ်"

ကုန်းကျွင့်သည် ဟန့်ရဲ့ ခါးလေးကို လက်မလွှတ်ဘဲ ဆုပ်ကိုင်ထားပြီး ကျန်းကျယ်ဟန့်သည် သူ့လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို ပြန်လည်လုယူရန် ကြိုးစားနေသည်။

  "ကျွင့်ကျွင့်!!! ဒီဇာတ်ကောင်ကို ငါလုပ်နိုင်တယ်! ငါ့ကို လျှော့မတွက်နဲ့။ ဒီဒရာမာမှာ ငါက ဇာတ်ပို့ဆိုပေမယ့်လည်း အလားတူ ဇာတ်ရုပ်မျိုး မလုပ်ဖူးတာလဲ မဟုတ်ဘူး၊ ဒီဇာတ်ရုပ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ ချစ်စရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ အထူးရဲအရာရှိလေး"

Light (Completed)Où les histoires vivent. Découvrez maintenant