အပိုင်း(၃၄) လက်ထပ်ခွင့်

55 12 0
                                    

Unicode

အပိုင်း(၃၄) လက်ထပ်ခွင့်

ရှောင်ယွီ၏ စဉ်ဆက်မပြတ် ရွတ်ဖတ်သံများက ကျန်းကျယ်ဟန့်ကို အိပ်ယာမှ နှိုးလိုက်သည်။

 
"ကျွင့်ကျွင့်... ငါအိပ်ချင်သေးတယ်...ခဏလောက်ဖက်ထားရအောင်.."

ကျန်းကျယ်ဟန့်သည် ကောင်းကောင်း မနိူးချင်သေးသလို ကယောင်ကတန်း ဖြစ်နေပြီး ပါးစပ်က ကုန်းကျွင့်၏ အမည်ကိုခေါ်ပြီး သူ့ကိုပွေ့ဖက်ရန် လက်ကလိုက်စမ်းနေသည်။ ရှောင်ယွီက သူ့ကို ဆွဲထူလိုက်သောအခါ သူ့ခန္ဓာကိုယ်သည် ပျော့ပျောင်းသော မွေ့ယာပေါ်  ပြန်၍ ပျော့ခွေကျသွားသည်။  ကျန်းကျယ်ဟန့်သည် သူ့မျက်နှာကို ကုန်းကျွင့်က ဝတ်ပေးထားခဲ့တဲ့ ညအိပ်ဝတ်အင်္ကျီ ထဲမှာ မြှုပ်နှံထားသည်။ သူ့နှာခေါင်းဖျားက အင်္ကျီပေါ်က ရင်းနှီးတဲ့ရနံ့တစ်ခုကို ရှုရှိုက်ရင်း နှုတ်ခမ်းစူထားပြီး အိပ်မက်ထဲမှာတောင် ပြုံးနေလိုက်သေးသည်။

  "ကျန်းကျယ်ဟန့် !!!"

ရှောင်ယွီသည် လုံးဝ သည်းမခံနိုင်တော့ပါ။ XiaoZhe က အစက ဒီလိုပုံစံမျိုး မဟုတ်ပါဘူး။ သူ့ကို နှိုးလိုက်ရင် အမြဲလိုလို သွက်သွက်လက်လက် အိပ်ယာကထခဲ့ပေမဲ့ အခုလို  ပျော့ခွေပြီး ကောက်ကွေးနေတဲ့ အိပ်စက်မှုကို ဘယ်သူက အလိုလိုက်ထားပြီး ပျက်စီးနေတာလဲ?

  ဘယ်သူက အလိုလိုက်ထားတာပဲဖြစ်ဖြစ် ဒီနေ့ပြီးရင် အဲ့ဒီလူက အဲဒါကို သူ့ဘာသာသူ ခံရလိမ့်မည်။ သူကတော့ ဒီဂေါ်ဖီထုပ်လေးကို အိုးထဲထည့်ပြီး တခါထဲ အပြီးပေးလိုက်တော့မည်။ နောက်ဆို သူမမြင်မတွေ့ရရင် နားအေးရော မဟုတ်လားဟု တွေးထားလိုက်သည်။

 ရှောင်ယွီ က ကုန်းကျွင့် မှာ မနက်ပိုင်း Schedule ရှိနေပြီး နေ့လည်ခင်းကျမှပဲ မွေးနေ့ပါတီမှာ တွေ့တော့မယ်လို့ မှာခဲ့ကြောင်း ကျန်းကျယ်ဟန့် ကို ပြောလိုက်သည်။

  ကျန်းကျယ်ဟန့်သည် သူ့စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသော်လည်း အလုပ်နှင့်ဆိုင်သော Schedule ဖြစ်သောကြောင့် သူက ထပ်၍ မမေးတော့ပါလေ။

မူလကတော့ ရှောင်ယွီတို့နှင့်အတူ နေ့လည်ဖက်မှာ ပျော်ပွဲစားခဏထွက်ပြီး ညနေခင်းရောက်ရင် မွေးနေ့ပါတီကို ဆက်ပြီး ဂုဏ်ပြုချင်ခဲ့သည်။ အခုတော့ ကုန်းကျွင့် က Schedule ရှိနေတယ်ဆိုတော့ သွားလို့မရတော့ဘူးပေါ့လေ။ သို့သော်လည်း ကျန်းကျယ်ဟန့်သည် သူ့ စိတ်ထဲက သံသယစိတ်တွေကို အလျင်အမြန်ပဲ မေ့ပစ်လိုက်သည်။

Light (Completed)حيث تعيش القصص. اكتشف الآن