အပိုင်း(၁၀)

100 21 8
                                    

Unicode

အပိုင်း(၁၀)

Baby H🍑 : ကျွင့်ကျွင့် ၊ ငါ Luffy ကို လမ်းလျှောက်ခေါ်သွားပြီး လည်စည်းကြိုးလွတ်သွားတယ် Luffy ပျောက်သွားတယ်

Baby H🍑 : ကျွင့်ကျွင့် ၊ ငါ အိမ်ပြန်လမ်းရှာမတွေ့တော့ဘူး။

Baby H🍑: ကျွင့်ကျွင့်၊ ငါတို့အိမ်လိပ်စာကဘာလဲ။ GPS ကဘာကြောင့် မပေါ်တာလဲ။

Baby H🍑 : ကျွင့်ကျွင့်၊ ငါ့ ဖုန်းအားကုန်သွားပြီ။

ကုန်းကျွင့် က ရိုက်ကူးရေးပြီးသွားတော့ ကျန်းကျယ်ဟန့် ကို ဆက်သွယ်ဖို့ သူ့ဖုန်းကို ထုတ်လိုက်သည်။ ဝင်လာသော WeChat ထဲက မက်ဆေ့ခ်ျလေးခုက မိုးကြိုးပစ်လိုက်သလိုပဲ သူ့ကိုချက်ချင်း ထိတ်လန့်သွားစေသည်။

ကုန်းကျွင့် က ဖုန်းကို ချက်ချင်းပြန်ခေါ်လိုက်သည်။ သေချာပါတယ်၊ စနစ်သတိပေးချက် အသံထွက်လာတယ်- လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါသည်။

ကုန်းကျွင့် သည် ဇောချွေးများထွက်လာပြီးသူ့စိတ်ထဲတွင် ဆိုးရွားသောအတွေးများပေါ်လာသည်။ Hengdian ဝန်ထမ်းများသည် ရိုက်ကူးရေးဧရိယာကို ယေဘုယျအားဖြင့် ကောင်းစွာကာကွယ်ထားပြီး လုံခြုံရေးအစောင့်များဖြင့် ကင်းလှည့်မှုများလည်း ရှိသည်။ ဒါပေမယ့် အပြင်မှာ သတင်းယူဖို့ လှည့်လည်နေတဲ့ ပရိသတ်တွေ၊ Daipai တွေ၊ Media တွေ၊ ဟန့် ကို မြင်သွားရင် ဘယ်လိုလုပ်မလဲ။

ဟန့် ကို တစ်ယောက်ယောက်ကပြန်ပေးဆွဲသွားရင်? တစ်ယောက်ယောက်က သူ့အလှလေးဟန့် ကို ဖမ်းခေါ်သွားပြီး မတော်တရော်လုပ်ခဲ့ရင်? ဟန့် ကို လုပ်ကြံဖို့ကြိုးစားနေတဲ့ လူတစ်စုနဲ့ တည့်တည့်တိုးသွားခဲ့ရင်?

ကုန်းကျွင့် သည် ပိုတွေးကြည့်လေလေ သူ့စိတ်တွေ ပိုပူလာလေလေ သူ့မျက်နှာက ပိုမည်းမှောင်လာလေလေပါပဲ။ RB က မိတ်ကပ်ဖျက်နေရင်း မျက်လုံးထောင့်ကနေ ကုန်းကျွင့် က ဖုန်းကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး မျက်နှာအပျက်ပျက်နဲ့ မတ်တပ်ရပ်နေတာကို မြင်လိုက်ရတော့ မေးလိုက်သည်။

"ကုန်းလောင်ရှီး...တစ်ခုခုမှားနေတာလား?"

"..."

Light (Completed)Hikayelerin yaşadığı yer. Şimdi keşfedin