အပိုင်း(၅)

95 22 8
                                    

Unicode

အပိုင်း(၅)

ကျန်းကျယ်ဟန့် သည် ဤနှစ်ရက်အတွင်းအမြဲငေးငေးငိုင်ငိုင်ဖြစ်နေပြီးအချိန်အများစုမှာအိပ်နေတတ်သည်။ ဆောင်းဦးပေါက်ရာသီ သို့ ရောက်ရှိလာသော်လည်း နွေအပူသည် ထွက်ခွာရန် မလိုလားပုံရပြီး ရာသီဥတုသည်ပူပြင်းပြီးအနေရခက်စေသည်။

အရင်တုန်းကရာသီဥတုပူပြင်းလာရင် ပူတယ်လို့ အမြဲညီးတွားနေတတ်တဲ့ သူက အခုချိန်မှာတော့ ပါးလွှာတဲ့စောင်လေးကိုခြုံထားပြီးလက်ဖျားတွေကအေးစက်နေခဲ့သည်။  ကုန်းကျွင့်သည် လေအေးပေးစက်၏ အပူချိန်ကို နောက်ထပ် နှစ်ဒီဂရီ တိုးစေသည်။ ပြင်ပအပူချိန်နှင့် အတူတူနီးပါး ဖြစ်နေသည်ကိုတွေ့လိုက်ရသဖြင့်လေအေးပေးစက်ကို ပိတ်လိုက်ပြီးလေဝင်လေထွက်ပန်ကာကိုဖွင့်လိုက်သည်။

ရင်ခွင်ထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့် ကျန်းကျယ်ဟန့် ၏ သွယ်လျသောခါးကိုတင်းကြပ်စွာသိုင်းဖက်ထားလိုက်သည်။ ထိုလူသားငယ်၏ တည်ငြိမ်ပြီး ရှည်လျားသော အသက်ရှုသံကို ကြားလိုက်ရတော့သူစိတ်သက်သာရာရသွားသည်။  သူ့ရဲ့ ဟန့် က သွေးတွေ အများကြီးထွက်ထားတာဆိုတော့ပုံမှန်ကျန်းမာရေးကိုပြန်ရဖို့အချိန် ဘယ်လောက်ကြာမယ်မှန်းသူမခန့်မှန်းတတ်ပေ။

ဘာပဲဖြစ်ဖြစ် သူ့အတွက်က ဟန့် အသက်ရှင်နေရင်ပြီးရော။ ဒါ​ပေမဲ့ ဒါက ဟန့် လိုချင်​တာမဟုတ်​ဘူးဆိုတာသူသိပါသည်။

SHL Drama ထဲမှာ အားရွှီက လောင်ဝမ်း ကို ဝမ်းနည်းတဲ့ မျက်နှာနဲ့ ပြောခဲ့တဲ့စကားတွေကိုသူပြန်လည်ကြားယောင်မိသည်။

  "ငါ ဒီသိုင်းပညာကို ဖျက်လိုက်ရင် ငါက ငါဟုတ်သေးရဲ့လား? ငါ မဟုတ်တော့ရင် ငါဘာလို့ အသက်ရှင်နေရမှာလဲ"

ကုန်းကျွင့်သည် ကျန်းကျယ်ဟန့် ၏ ရှည်လျားသော ဆံနွယ်လေးများကိုမျက်နှာပေါ်မှ ဘေးသို့သပ်တင် ပေးလိုက်ပြီး သူ၏ နူးညံ့သောမျက်ခုံးများကြားမှ ဝမ်းနည်းကြေကွဲမှုကို ကြည့်ပြီးစိတ်မကောင်းဖြစ်သွားသည်။ လောင်ဝမ်းက အားရွှီရဲ့ ဒဏ်ရာအကြောင်းကိုသိသွားခဲ့တဲ့ ဝမ်းနည်းစရာကောင်းတဲ့ မိုးရွာတဲ့ညကို ပြန်ရောက်သွားသလို၊ နူးညံ့ပြီး အစွမ်းထက်တဲ့ အားရွှီ ကို ပြန်မြင်လိုက်ရသလို။  တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်းရင်ထဲမှာစွဲနေဆဲဖြစ်သောဇာတ်ညွှန်းကိုသူရေရွတ်မိသည်။

Light (Completed)Onde histórias criam vida. Descubra agora