အပိုင်း(၆)

106 25 4
                                    

Unicode

အပိုင်း(၆)

ကုန်းကျွင့် ပြန်လာချိန်မှာတော့ ဧည့်ခန်းရှိ နွေးထွေးသောလိမ္မော်ရောင် မီးရောင်က သူပြန်လာသည်ကို တိတ်တဆိတ် ကြိုဆိုနေပါသည်။

ကျန်းကျယ်ဟန့် သည် ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး ခေါင်းအုံးကို ပွေ့ဖက်ကာမျက်စိမှိတ်ထားသည်။

အခုတော့ ကုန်းကျွင့်အတွက် "အိမ်ပြန်" ဆိုတဲ့ စကားလုံးက အရမ်း အဓိပ္ပါယ်ရှိနေပါသည်။

ကုန်းကျွင့် သည် ကျန်းကျယ်ဟန့် ကို ပွေ့ချီလိုက်ပြီး မတ်တပ်ထရပ်လိုက်တော့ကျန်းကျယ်ဟန့် ကနိုးလာသည်။

"ကျွင့်ကျွင့် မင်းပြန်လာပြီလား"

သူကအိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ရင်း အိပ်ချင်မူးတူးပြောသည်။

 "အင်း ကျွန်တော်ပြန်လာပြီ၊ ဟန့် အိပ်ငိုက်နေတာ ဘာလို့ ကုတင်မှာမအိပ်တာလဲ။ ဆရာဝန်က ဟန့် ကို များများ ပိုအိပ်ပြီး မြန်မြန်ပြန်ကောင်းလာဖို့ ဂရုစိုက်ရမယ် လို့ မပြောထားဘူးလား"

ကုန်းကျွင့် က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူ့ ဟန့် ရဲ့ ကိုယ်လေးက အခုတလော ပို၍ပါးလျားပြီး‌ပို၍ပေါ့ပါးလာသည်။

  "ငါ နေ့ခင်းကအကြာကြီးအိပ်နေတာ၊ မင်းပြန်လာတာကို စောင့်နေချင်တယ် မဟုတ်ရင် ငါ့မင်းမျက်နှာကို မကြည့်လိုက်ရပဲ အိပ်ပျော်သွားလိမ့်မယ်"

 "ဟန့်.."

ကုန်းကျွင့် က ဟန့် ကို ကုတင်ပေါ်ချ‌ပေးလိုက်သည်။  ထို့နောက်သူကကုတင်‌ပေါ်မှာ ဒူးထောက်ထိုင်ချလိုက်ပြီး သူ့အောက်ကလူကိုအုပ်မိုးထားလိုက်သည်။

"ဟန် ကျွန်တော့်ကိုလွမ်းနေတာ မဟုတ်လား" ကုန်းကျွင့်က ပြုံးရင်းပြောလိုက်သည်။

  "မင်းကိုဘယ်သူလွမ်းနေတာလဲ၊ ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ်"

ကျန်းကျယ်ဟန့် က ပါးစပ်က ဝန်ခံရန်ငြင်းဆန်သော်လည်း သူ့နားရွက်ဖျားများသည်တဖြည်းဖြည်းနီရဲလာသည်။

  "ဟန့်...မြန်မြန်ပြော ကျွန်တော့်ကို လွမ်းလားလို့ ..မြန်မြန်ပြော!"

Light (Completed)Donde viven las historias. Descúbrelo ahora