အပိုင်း(၂၄) ဘဲအူကြော်

78 14 8
                                    

Unicode

အပိုင်း(၂၄)

ကုန်းကျွင့်သည် သူ၏ လေးရက်ကြာ 'ရက်ရှည်' အားလပ်ရက်ကို စတင်လိုက်သည်။

အားလပ်ရက် လေးရက်လုံးလုံး သူလုပ်ခဲ့သည်မှာ အရင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သူလုပ်ချင်ခဲ့တာတွေပါပဲ။  ထိုအလုပ်သည် မိနစ်တိုင်းနှင့်စက္ကန့်တိုင်း ကျန်းကျယ်ဟန့်အနားမှာ စူပါဂလူးလိုကပ်နေရန်ပင်ဖြစ်သည်။

 ဟုတ်ပါတယ်!!! သူ့အလုပ်က ညတိုင်း ကျန်းကျယ်ဟန့်ကို နက်နက်ရှိုင်းရှိုင်းချစ်ပြဖို့ပဲဖြစ်ပါသည်။ သူ၏ အချစ်ကိုခံရသော ကျန်းကျယ်ဟန့်သည် သူ၏ ပုံမှန်ဇီဝနာရီတွေ လွဲချော်ကုန်ရသည်။ ခါတိုင်း မနက်စောစော အိပ်ယာထတတ်သော ကျန်းကျယ်ဟန့်သည် နေအလွန်မြင့်သည်အထိ အိပ်ရာကမထနိုင်ပဲ နောက်ဆုံးမှာတော့ လျှပ်စစ်ဓာတ်အားအမြဲပြည့်ဝနေတဲ့ ကုန်းကျွင့်က သူ့ကို အိပ်ယာထဲမှအတင်းဆွဲထူ ရေချိုးစေပြီး နေ့လည်စာ တခါတည်း ကျွေးရတဲ့အထိပါပဲ။

 ကျန်းကျယ်ဟန့်သည် လက်ထဲက ပန်းကန်ကိုကိုင်ထားကာ သူ့အတွက် ကုန်းကျွင့်ချက်ထားသော ငရုတ်ကောင်းငါးဆန်ပြုတ်ကို သောက်နေရင်း သူ့မျက်လုံးများက တက်ဘလက်ကွန်ပြူတာမျက်နှာပြင်က ကုန်းကျွင့်၏ 'တိုက်ရိုက်ထုတ်လွှင့်မှု' ကို ကြည့်နေသည်။ 

ထိုအချိန်တွင် ကုန်းကျွင့်သည် စားပွဲတွင်မေးစေ့ကိုထောက်ပြီး ထိုင်ခုံတွင် ထိုင်ကာ ကျန်းကျယ်ဟန့်ကို ပျော်ရွှင်ကြည်နူးစွာ စိုက်ကြည့်နေသဖြင့် သူ့မျက်ခုံးနှင့် မျက်လုံးများကပင် လခြမ်းပုံသဏ္ဍာန် ဖြစ်နေသည်။

  ကုန်းကျွင့်၏ 'တိုက်ရိုက်ထုတ်လွှင့်မှု' တွင် ကုန်းကျွင့်က အားရီးရဲ့ ဟင်းချက်တာ ပိုစပ်လာတယ်လို့ ပြောတာ သူကြားရသည်။ သူ့ကိုယ်သူ အပြစ်ရှိကြောင်းသိစိတ်ဖြင့် ကျန်းကျယ်ဟန့်သည် ခေါင်းငုံ့ကာ ဆန်ပြုတ်တစ်ကျိုက် ယူကာစားရင်း ငရုတ်ခေါင်းသီးကာ ပြင်းထန်စွာ ချောင်းဆိုးလာသည်။

 ကုန်းကျွင့်သည် သူ့အတွက် တစ်ရှူးယူရန် ထကာ သူ့ကို ရေတိုက်လိုက်ရင်း ကျောကို လက်တစ်ဖက်နှင့် အနည်းငယ် ပုတ်လိုက်သည်။

Light (Completed)Donde viven las historias. Descúbrelo ahora