အပိုင်း(၂)💔💔💔

109 25 10
                                    

Unicode

ကုန်းကျွင့် သူ့ကို ဖုံးအကြိမ်ကြိမ်ခေါ်နေပေမယ့်သူ ပြန်မဖြေဘူး။ ကုန်းကျွင့် က သူနဲ့အဆက်အသွယ်ရပြီး ဓာတ်ပုံရိုက်ခံရမှာကို စိုးရွံ့ပြီး ဆောင်းပါးအဖြစ် အသုံးပြုခံရမှာကို စိုးရိမ်နေပါသည်။

ကျန်းကျယ်ဟန့် က ကုန်းကျွင့် ကို WeChat မက်ဆေ့ခ်ျပို့ပြီးစိတ်မပူဖို့ ပြောလိုက်သည်။ ကုန်းကျွင့် ကိုယ်တိုင် သူနဲ့ပတ်သတ်တဲ့ Weibo အကြောင်းကို ဖျက်ပစ်ဖို့၊ သူတို့နဲ့ သက်ဆိုင်တဲ့အရာတွေကို ဖုံးကွယ်ပြီး မပေါက်ကြားဖို့ သူကတောင်းဆိုလိုက်သည်။

သူက ကုန်းကျွင့် ၏ အေဂျင်စီ ထံသို့လည်း WeChat မက်ဆေ့ချ် ပေးပို့ခဲ့သည်။

"သူ့ကို ‌မထောက်ထားပဲ လိုအပ်သည့်အခါ YXHအကောင့်တစ်ခုပြင်ဆင်ပြီးကုန်းကျွင့်ကို ကာကွယ်ရန် နည်းလမ်းအားလုံးကို အသုံးပြုပါ"

သူ့မှာက အနာဂတ်မရှိတော့ဘူး၊ သူ့ကိုဝိုင်းနင်းချေကြပြီးသူသေသွားရင်လဲ ကိစ္စမရှိပါဘူး။ အရေးကြီးတာက ကျွင့်ကျွင့်ကို မထိခိုက်ဖို့ပဲ မဟုတ်လား။

WaHaHa သည် သူနှင့် စာချုပ်ရပ်စဲမှုကို ကမ်းလှမ်းသည့် ပထမဆုံးသော လုပ်ငန်းဖြစ်သည်။ စတူဒီယို ဝန်ထမ်းများနှင့် ကုမ္ပဏီအေဂျင်စီ အကြီးအကဲတို့သည် ကျန်ရှိသော လုပ်ငန်းများ၏ စာချုပ်များနှင့် ပတ်သက်၍ငြင်းခုံရန်ဖြစ်နေကြသည်။

ကျန်းကျယ်ဟန့် က နာကျင်ကိုက်ခဲပြီးပေါက်ထွက်တော့မယ့် သူ့ခေါင်းကို ကိုင်လိုက်ပြီး တစ်လုံးချင်းဖြည်းညှင်းစွာ ပြောလိုက်သည်။

"အားလုံး အငြင်းအခုံမလုပ်ပါနဲ့တော့။ လုပ်ငန်းစာချုပ်တွေကိုဖျက်လိုက်မယ်၊ ငါလျော်မယ်၊ ငါဆက်သွယ်လိုက်မယ်၊ အဆက်အသွယ်အချက်အလက်တွေငါ့ကို ပေးပါ"

သူသည် ကုလားထိုင်ပေါ်၌ ထိုင်ချလိုက်ကာ စာချုပ်ရပ်စဲရေးအပိုင်းကို အကောင်အထည် ဖော်ရန် ညှိနှိုင်းနေသည်။ သူ၏ညင်သာသောအသံသည် ထိုတိတ်ဆိတ်တဲ့ နေရာလေးမှာ တစ်ခုတည်းသော အသံဖြစ်သည်။ စာချုပ်အတွက်တောင်းပန်မှု၊ နစ်နာမှုအတွက် လျော်ကြေးငွေ။ လုပ်ငန်းရှင်များဖက်က အပြစ်တင်ခြင်းကို သူက ရိုးသားစွာ လက်ခံရမည်ဖြစ်ပြီးကျေးဇူးသိတတ်နားလည်ရမည်ဖြစ်သည်။

Light (Completed)حيث تعيش القصص. اكتشف الآن