အပိုင်း(၃၅) JunZhe Wedding

61 13 12
                                    

Unicode

အပိုင်း(၃၅) JunZhe Wedding

ကုန်းကျွင့်သည် မိဘဆွေမျိုးများ နှင့် သူငယ်ချင်းများရှေ့တွင် ကျန်းကျယ်ဟန့်ကို လက်ထပ်ခွင့်တောင်းခြင်း အခမ်းအနားကို စီစဉ်ခဲ့သည်။

ကုန်းမားမား က ကဲကဲသဲသဲ အီကြာကွေးအတွဲကို အချစ်စမ်းဖို့ ကြံစည်ခဲ့သည်။

အီကြာကွေးအတွဲ၏ ခွေးစာစားရသော ညီအစ်ကိုများအုပ်စုဖွဲ့၍ ကုန်းကျွင့်ကို ပညာပေးကြသည်။

  ရှောင်ယွီအတွက်တော့ နောက်ထပ် ဒဏ်ရာပြင်းထန်သော နေ့တစ်နေ့ ဖြစ်ခဲ့သည်။

=====================

 ကျန်းကျယ်ဟန့်သည် "Yes I do!!!"

ဆိုတဲ့စကားကို မပြောလိုက်ရသေးခင်မှာပဲ~

  "ဦးလေးငယ်~ ဦးလေးငယ်~ဦးလေးငယ် က လက်စွပ်ဝတ်ရမယ်~လက်စွပ်ဝတ်ရမယ်~"

ကျန်းကျယ်ဟန့် ရဲ့ နောက်ကျောဖက်မှာ အသံသေးသေးလေးကို ကြားလိုက်ရပြီး လက်သေးသေးလေးက သူ့ဘောင်းဘီရှည်ရဲ့ ခြေထောက်ကို ဆုပ်ကိုင်လိုက်သည်။  ကျန်းကျယ်ဟန့်က အလွန်ချစ်သော သူ၏ တူငယ်လေးသည် လက်စွပ်ဘူးလေးကို ကိုင်ဆောင်ထားပြီး သူတို့နှစ်ယောက်ရှေ့တွင် ရပ်နေသည်။  ကျန်းကျယ်ဟန့်ကို မော့ကြည့်လာကာ သူ့ဘောင်းဘီစကို ဆွဲထားသော ကလေးငယ်၏ မျက်လုံးများသည် တဖျပ်ဖျပ် ခတ်လာသည်။

  ကျန်းကျယ်ဟန့်သည် သူ၏ တူငယ်လေးကို အလွန်ချစ်ခင်တာကြောင့် သူ့ကို ပွေ့ဖက်ထားတဲ့ ကုန်းကျွင့်ကို တွန်းထုတ်လိုက်ပြီး ကလေးငယ်ကို ကျွမ်းကျင်စွာ ကောက်ချီလိုက်သည်။  ကလေးငယ်သည်  ကျန်းကျယ်ဟန့် ငယ်စဉ်တုန်းက နှင့် အလွန်ဆင်တူပါသည်။ သူ့ရဲ့နူးညံ့တဲ့ လက်သေးသေးလေးတွေ နဲ့ ကျန်းကျယ်ဟန့်၏ မျက်ရည်တွေကို သုတ်ပေးရင်း သူ့ပါးစပ်က "ဥုံဖွ ~ မနာဘူးဦးငယ်၊ မနာတော့ဘူး" လို့နှစ်သိမ့်နေသည်။ တကယ့်ကို ချစ်စရာကောင်းလှပေသည်။

ကုန်းကျွင့်သည် ကလေးငယ်ကို ကျန်းကျယ်ဟန့်၏ ခန္ဓာကိုယ်ပေါ်ကနေ ဖယ်ထုတ်လိုက်ချင်ပေမယ့် ကလေးငယ်ရဲ့ လက်သေးသေးလေး တစ်ဖက်က ကုန်းကျွင့်၏ သူ့ဆီ ကမ်းလာတဲ့လက်ကို ဆန့်တန်းကာကွယ်ထားလိုက်ပြီး ကျန်လက်တစ်ဖက်က ကျန်းကျယ်ဟန့်၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားရင်း ကုန်းကျွင့်ကို လုံးဝငြင်းဆိုလိုက်ပါသည်။  ထိုနောက်တွင် ကလေးငယ်သည် ကျန်းကျယ်ဟန့်ကို ကုန်းကျွင့်၏ မျက်လုံးရှေ့တွင်ပင် နှစ်နှစ်ခြိုက်ခြိုက် နမ်းရှိုက်လိုက်သည်။

Light (Completed)Hikayelerin yaşadığı yer. Şimdi keşfedin