အပိုင်း(၁၃)

76 18 3
                                    

Unicode

အပိုင်း(၁၃)

[ဆောင်းဦးပေါက်ပွဲတော် အထိမ်းအမှတ်]
 
"အင်း...ငါတို့အခုဘယ်သွားမလို့လဲ"

ကျန်းကျယ်ဟန့် နိုးလာတော့ သူက ကားထိုင်ခုံနောက်ဘက်မှာ လဲလျောင်းနေတာကို သိလိုက်ရသည်။  ကုန်းကျွင့် က ရှေ့ကကားမောင်းနေပြီး ကျန်းမားမား က ဘေးထိုင်ခုံမှာ ရှိနေသည်။ သူတို့နှစ်ယောက်သား စကားပြောနေကြပုံရသည်။

"ဟန့် နိုးလာပြီလား။ နိုးလာရင်ထပြီးစားစရာတစ်ခုခုစားလိုက်ဦး။ မားက မနက်စာလုပ်ပြီး အပူပေးဘူးထဲမှာထည့်ထားတယ်။ စားလို့ရတယ်။ ဓါတ်ဘူးထဲမှာ ပဲနို့ရည် ထည့်ထားတယ်"

ကုန်းကျွင့် က ပြောရင်း စတီယာရင်ကိုကိုင်ပြီးနောက်ကြည့်မှန်မှတဆင့် ကြည့်လိုက်တော့ ကျန်းကျယ်ဟန့်က ကောင်းကောင်းမနိုးသေးသလို ကိုယ်ပေါ်မှာစောင်တစ်ဝက်ခြုံထိုင်နေပြီး လူကမလှုပ်သေးပဲ မျက်လုံးများကမှေးစင်းထားသည်။  လည်ဂုတ်အထိရှည်နေပြီဖြစ်သောဆံပင်များသည် မျက်နှာပေါ်ဝဲကျနေသည်။ ကုန်းကျွင့်က အိပ်ငိုက်နေတဲ့ ကြောင်ပေါက်လေးကိုကြည့်ပြီး အသဲယားစွာပြုံးလိုက်သည်။ သူ့ရဲ့ဟန့် က အရမ်းချစ်ဖို့ကောင်းတာပဲ။

ကုန်းကျွင့် သည် ကားကို အနားယူရန်နေရာသို့ မောင်းသွားပြီးနောက် ကျန်းမားမားသည် ကားပေါ်မှ ဆင်းကာ သန့်စင်ခန်းသို့သွားသည်။  ကုန်းကျွင့် သည်ကားနောက်ထိုင်ခုံသို့ ကမန်းကတန်းရွှေ့လိုက်ကာ အိပ်ငိုက်နေသော ကျန်းကျယ်ဟန့်ကို ပွတ်သပ်လိုက်သည်။

"မင်းတို့ မနက်က ဘာလို့ ငါ့ကို မနှိုးပဲဒီလိုကြီးခေါ်လာရတာလဲ။ အခုရော ငါတို့က ဘယ်သွားမလို့လဲ?"

ကျန်းကျယ်ဟန့်သည် သူ့မျက်နှာကိုရေနွေးထဲနှစ်ထားတဲ့ မျက်နှာသုတ်ပဝါနဲ့ ညင်သာစွာသုတ်ပေးနေတဲ့ကုန်းကျွင့်ရဲ့  ကြင်နာယုယမှုကိုခံစားနေရင်း မေးလိုက်သည်။

  "ဟန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ၊ ကျွန်တော်တို့ နှစ်ခါပြန်ခေါ်တာတောင်မနိုးဘူး၊ ဒါကြောင့် ဟန့် ကို ပွေ့ချီပြီးအပြင်ကို ခေါ်ထုတ်လာခဲ့တာ။ ဟန့်က မားကို ဆောင်းဦးလယ်ပွဲတော်အတွက် အိမ်ပြန်မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ လွန်ခဲ့တဲ့နှစ်ရက်က ဟန့် ပြောခဲ့တာကို မေ့နေတာလား"

Light (Completed)Dove le storie prendono vita. Scoprilo ora