အပိုင်း(၄၂)ဇာတ်သိမ်းပိုင်း-နောင်ဆယ်စုနှစ်

127 12 11
                                    

Unicode

 အပိုင်း(၄၂) ဇာတ်သိမ်းပိုင်း- နောင်ဆယ်စုနှစ်

ကလေးငယ်နှစ်‌ယောက်ကို မွေးစားလိုက်ပြီးနောက်တွင်ကျန်းကျယ်ဟန့်သည် ယခင်ကထက်ပင် ပို၍ နူးညံ့ပျော့ပျောင်းလာကာ ကုန်းကျွင့်သည်လည်း ပို၍ ကြင်နာတတ်လာသည်။ 

ပြင်ပကမ္ဘာ၏အမြင်တွင်တော့ ဤကလေးနှစ်ယောက်ကို ကျန်းကျယ်ဟန့် တစ်ယောက်တည်းက မွေးစားခဲ့သည်။ ကျန်းကျယ်ဟန့်သည် ထိုကလေးနှစ်ယောက်ကို ကောင်းစွာကာကွယ်ထားတာကြောင့် ကလေးနှစ်ယောက်ကို နာမည်ဘယ်လိုခေါ်လဲ၊ ဒါမှမဟုတ် ကလေးတွေက ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို ပြင်ပကမ္ဘာက လုံးဝပင် သိခွင့်မရနိုင်ခဲ့ပါ။

မဂ္ဂဇင်းမီဒီယာနှင့် ပရိုဂရမ်အဖွဲ့သားများသည်  ကျန်းကျယ်ဟန့်၏ နေ့စဉ်ဘဝနှင့် အစီအစဉ်ကို မှတ်တမ်းတင်ရန်အတွက် ကျန်းကျယ်ဟန့်၏ အိမ်သို့သွားသောအခါတိုင်းမှာ ထုတ်လွှင့်၍မရသော အရာအားလုံးကို ရှောင်ရှားကြရသည်။
 
ဥပမာအားဖြင့် ကုန်းကျွင့်၏ ၀တ်စုံများ၊ အင်္ကျီများ၊ အရွယ်အစားသေးငယ်သည့် ခြေထောက်ဆေးစိမ်ဇလုံနှင့် ချည်အရုပ်များစသည်တို့ဖြစ်သည်။ အစီအစဉ်ရိုက်ကူးရေးအဖွဲ့သည် ကျော်ကြားသူများ၏ ကိုယ်ရေးကိုယ်တာ အဝတ်အစားများကို ထုတ်လွှင့်ပြသလိုသော်လည်း ကျန်းကျယ်ဟန့်သည် သူ၏ အဝတ်ဗီရိုရှေ့တွင်မတ်တပ်ရပ်လျှက် ခေါင်းယမ်းကာ အဆိုပါအပိုင်းကို ဖျက်သိမ်းသင့်သည်ဟု ပြောကြားခဲ့သည်။

သူ့ဗီရိုထဲမှာ လွှင့်ထုတ်လို့ရနိုင်တဲ့ပစ္စည်း ဘာတစ်ခုမှ မရှိသလောက်ဖြစ်သည်။ အဝတ်အစားအားလုံးကို ကုန်းကျွင့်က ဝတ်ဆင်ခဲ့ပြီးသားဖြစ်သလို၊ ဒါကို ထုတ်လွှင့်ခဲ့ရင် "ဟန်ဟန် ရဲ့ အိမ်၊ ကျွင့်ကျွင့် ရဲ့ ဗီရို" ဆိုပြီးခေါင်းစဉ်တပ်ရတော့မှာ ဖြစ်ပေသည်။ သို့သော် ပရိုဂရမ်အဖွဲ့သည် အလွန်သတိထားပြီး ရိုက်ကူးဖြတ်တောက်ထားတာတောင် နောက်ဆုံးတွင် လိမ္မော်ခွံ များက အရာများစွာကို မလွှဲမရှောင်သာ ပေါက်ကြားခဲ့ပါသည်။  ရင်ခုန်စရာကောင်းတဲ့ ပျော်ရွှင်စရာနေ့ရက်တွေ ဆက်လက်တည်ရှိနေပါစေ။

Light (Completed)Donde viven las historias. Descúbrelo ahora