အပိုင်း(၈)

86 22 10
                                    

Unicode

အပိုင်း(၈)

"ဟန့် ကဘာလို့ဒီကိုရောက်လာတာလဲ"

နေ့လည်စာစားချိန်ရောက်သောအခါ ကုန်းကျွင့် သည် ကျန်းကျယ်ဟန့်ပေးပို့လာသော WeChat မက်ဆေ့ချ် ကိုမြင်ပြီး အဝတ်ပင်မလဲနိုင်ပဲရိုက်ကွင်းအနောက်ဘက်သို့ ပြေးသွားသည်။

 "ကျွင့်ကျွင့်.."

ကျန်းကျယ်ဟန့် က သူ့အောက်နှုတ်ခမ်းကို ကိုက်ထားပြီး နောက်တစ်လလောက်တော့ သူ့ရဲ့ ကျွင့်ကျွင့် ကို မတွေ့ရတော့ဘူးလို့ တွေးမိပြီး မျက်လုံးတွေ နီရဲလာသည်။

  "ဟန့် ..ဒါက ဘာဖြစ်နေတာလဲ၊ Weibo က မဟုတ်မဟပ် သတင်းတွေခိုးကြည့်ပြန်ပြီလား၊ အဲ့ဒါတွေ မကြည့်နဲ့လို့ပြောထားတယ်လေ၊ မငိုနဲ့၊ မငိုနဲ့၊ ပြီးသွားပြီ၊ အဲဒါတွေက ဆင်ခြင်တုံတရားမဲ့တဲ့ လူတွေရဲ့ စကားတွေချည်းပဲ ၊ ဂရုမစိုက်နဲ့လို့"

ကုန်းကျွင့် သူ့ ကို ပွေ့ဖက်ထားရင်း ကျောကို ပွတ်သပ်လိုက်သည်။

သူတို့နှင့်မဝေးသောတနေရာတွင် ...

"အိုး၊ ငါတကယ် မကြည့်ရဲ မမြင်ရဲတော့ဘူး၊ ရှောင်ကျယ်က ကုန်းကျွင့်ကို ချွဲပစ်နေတာပဲ၊ သူကြက်သီးမထဘူးလားမသိဘူး "

ရှောင်ယွီ က မျက်နှာကို ရှုံ့မဲ့ပြီး‌ပြောလိုက်သည်။

"အိုး၊ အတွဲတွေကြားက ဒီလိုမျိုးပဲလေ၊ မင်းလို လူပျိုကြီးကရည်းစားရသွားရင်နားလည်မှာပါ"

ကျန်းစူး က ရှောင်ယွီ ရဲ့ ခေါင်းကို ပုတ်ရင်းပြောလိုက်သည်။

 "ဒါပေမယ့် ကျယ်ဟန့် က အရင်က ဒီလိုမဟုတ်ဖူး၊ သူက လူတွေကို လိုက်ပြီးလှောင်ပြောင်တတ်တဲ့ ကဲစိန်လူရှုပ်ကောင်လေး၊ အရင်တုန်းက ခြေထောက် ခွဲစိတ်တာတောင်ဘာမှမဖြစ်အောင်ခေါင်းမာတဲ့ကောင်ကဘယ်လိုဖြစ်သွားတာလဲ။ မင်းကြည့်‌ လေ သူက ကုန်းကျွင့်ရင်ခွင်ထဲဝင်ပြီးငိုတော့မယ်။ "

  "ဟာ အတွဲနှစ်ယောက်ကြားကဆက်ဆံရေးလို့ပြောတာလေ၊ သူ ငါတို့ကို ဘယ်တုန်းက ဒီလိုမျိုး ဆက်ဆံခဲ့လို့လဲ၊ သူက ငါတို့ကို အရင်အတိုင်းပဲဆက်ဆံတာ"
 
"အင်း၊ ဒါနဲ့ သူဘယ်တော့ပြောလို့ပြီးနိုင်မယ်ထင်လဲ ငါအခု ဗိုက်ဆာလို့ သေတော့မယ်"

Light (Completed)Onde histórias criam vida. Descubra agora