အပိုင်း(၂၀)

72 18 0
                                    

Unicode

အပိုင်း(၂၀)

XuKai က သူတို့နှစ်ယောက်ကို အိမ်ပြန်ပို့ပြီးတာနဲ့ ကားမောင်းထွက်သွားသည်။ သူက ကားမထွက်ခင်မှာ ဆရာဝန်မှာကြားချက်တွေကို ကုန်းကျွင့် ကိုပြောပြခဲ့သည်။  ကျန်းကျယ်ဟန့်သည် ကုန်းကျွင့်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေပြီး XuKai မှာကြားသမျှကို နားထောင်ရင်း ရယ်မောကာ XuKai မင်းကအခုမှ အသက်ငယ်ငယ်လေး ရှိသေးတယ် ဘာလို့ အဘွားအိုကြီးလို စိတ်ပူနေရတာလဲ ဟုပြောလိုက်သေးသည်။

ထိုစကားကိုကြားသောအခါ XuKai သည် အစ်ကိုရှောင်ယွီ၏ နာကျင်ခံစားနေရသော မျက်လုံးအကြည့်များကို နားလည်သွားသည်။  XuKai  က အံကြိတ်ကာ ကုန်းကျွင့်ကိုကြည့်ရင်း သူ့သွားတွေကြားထဲက စကားလုံးတွေထွက်လာသည်။

  "ကုန်းကျွင့် မင်း ကျေးဇူးပြုပြီး ဆရာဝန်ရဲ့မှာကြားချက်‌တွေကို လိုက်နာပေးပါ"

  ကုန်းကျွင့် က မျက်ခုံးပင့်ကာ တစ်ခုခုပြောတော့မည့်ဆဲဆဲတွင်  ကျန်းကျယ်ဟန့် က ဦးစွာပြောလိုက်သည်။

  "XuKai တကယ့်ကို ကျေးဇူးတင်ပါတယ်၊ ငါ ဒီနေ့ မင်းကို ကျွင့်ကျွင့် ရဲ့ ကျောက်ပုဇွန်မကျွေးနိုင်တော့ဘူး။  နောက်ရက်ပိုင်းအတွင်း မင်းကို ညစာလိုက်ကျွေးပါ့မယ်"

  "ကောင်းပြီ ကျယ်ဟန့် ၊ မင်းငါ့ကို အချိန်မရွေးဆက်သွယ်ပါ၊ မင်းရဲ့ ညစာကိုစားဖို့ ငါစောင့်နေမယ်"

 XuKai နှင့် ကုန်းကျွင့်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။

 "ကုန်းကျွင့် သူ့ကို ဂရုစိုက်လိုက်ပါ"

 "စိတ်ချပါ"

နောက်ဆုံးတော့ ဆေးတွေအာနိသင်ပြလာပုံရပြီး ကျန်းကျယ်ဟန့် အဖျားကျသွားသည်။  သူ့မျက်နှာပေါ်ရှိ အနီရောင်အကွက်များပျောက်သွားပြီး သူ့ပါးပြင်သည် ပန်းနုရောင်သန်းနေသည်။  ကုန်းကျွင့် ကသူ့ကိုကြည့်ရင်း သူ့နှလုံးသားကပျော့ပျောင်းသွားသည်။  ကုန်းကျွင့်က သူ့ကို ဆိုဖာပေါ်ထိုင်စေပြီး ရေတစ်ခွက်ပေးလိုက်သည်။  ကျန်းကျယ်ဟန့်ကနာခံစွာထိုင်ချလိုက်ပြီး အပြာနုရောင်ရေဖန်ခွက်ကို ကိုင်ထားရင်း ငြိမ်သက်နေသည်။  ကုန်းကျွင့်သည် ဟန့်မျက်နှာကိုစမ်းလိုက်သည်။ သူ့ပါးပြင်များ၏ သာမန်ဖြစ်သွားသောအပူချိန်က သူ့ကို စိတ်ချစေသည်။

Light (Completed)Opowieści tętniące życiem. Odkryj je teraz