Episode 2 'သူ့အကြောင်း ကိုယ့်အကြောင်း'

1.4K 234 101
                                    

ပုံမှန်အရှိန်နှင့်သွားနေသော မြင်းပေါ်တွင် အရှေ့မှ ဂျွန်းဂျောင်ကုအမည်ရှိသော သူ၏ ဝတ်ရုံစအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း သူခေါ်ရာနောက်လိုက်ပါလာခဲ့လေသည်။

အပြာရောင်အလင်းတန်းတို့နှင့်အတူ ရောက်လာခြင်းဖြစ်မည်ဟု တွေးထင်လိုက်ပြီး ထိုနေ့မတိုင်ခင်က လမ်းတွင်တွေ့သော သူစိမ်းအဖွားကြီးတစ်ယောက်၏ စကားကိုပင် ပြန်ကြားယောင်နေမိသည်။

ထိုအဖြစ်အပျက်များမတိုင်ခင် ရှေ့ရက်များဆီသို့.....

အလုပ်မှပြန်လာသော ဆော့ဂျင်တစ်ယောက် ငါးအသားချောင်းများကို ဆိုဂျူလေးဖြင့်စားလိုသဖြင့် လမ်းဘေးဆိုင်တစ်ဆိုင်သို့ဝင်ထိုင်လိုက်သည်။

ဆိုင်ရှင်ချပေးသော အစားအသောက်များအား စားနေစဥ်တွင် ပိုက်ဆံတောင်းနေဟန် အဖွားအိုတစ်ဦး ဆိုင်ထဲသို့ဝင်လာခဲ့သည်။
တခြားဝိုင်းသို့သွားရန်ပြင်ပြီးမှ သူ့ထံသို့တည့်တည့်လာသည်ကိုမြင်သဖြင့် ပိုက်ဆံအနည်းငယ်ထုတ်ထားလိုက်သည်။

သို့သော်ထူးဆန်းသည်က ပိုက်ဆံတောင်းရန်မဟုတ်ပဲ...

"လူလေး.... မင်းကံကြမ္မာက အကြီးကြီးပြောင်းလဲသွားမှာပဲ!!!!"

"ဗျာ!!!"

ရုတ်တရက်ဆိုလာသော စကားလုံးများဖြစ်သဖြင့် ဘာကိုဆိုလိုချင်မှန်းနားမလည်

"အင်းးးး ဝမ်းနည်းစရာအနာဂတ်ကိုကြိုမြင်သလို နွေးထွေးမှုတွေကိုလည်းမြင်နေရတယ်!!!"

"......"

"တကယ်လို့ ထူးဆန်းတာကိုမလိုချင်ရင် ဒီနှစ်ရက်ကို အပြင်မထွက်နဲ့!!!"

"အဖွား... ဟို...ဘာစားချင်လဲ ဝယ်စားလိုက်နော်!!!"

ထူးထူးဆန်းဆန်းစကားများကိုသာ ပြောနေသောကြောင့် စိတ်မမှန်သူဟုသာ ယူဆလိုက်ပြီး လက်ထဲသို့ အကြွေအနည်းငယ်ထည့်ပေးလိုက်သည်။

"မယုံတာတော့မင်းသဘောပဲ လူလေး...ဒါပေမယ့် မင်းဘဝကြီးက ပြောင်းလဲသွားမှာ...မင်စဘဝထဲကို တစ်စုံတစ်ယောက်ဝင်လာတော့မှာ!!!"

ပြောပြောဆိုဆိုနှင့်ပင် ဆော့ဂျင်ပေးလိုက်သော အကြွေတစ်ချို့အား လက်ထဲတွင်ကိုင်ဆုပ်ကာထိုဆိုင်လေးရဲ့အဝေးသို့ထွက်သွားလေတော့သည်။

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now