ဆော့ဂျင်တစ်ယောက် ဟိုဆော့ထံတွင်ရောက်နေသည်မှာ 29 ရက်ပင်ရှိလေပြီ။ ထိုရက်များအတွင်းဂျောင်ကုအားစာမလာသတင်းမကြားနှင့်သာမျှော်နေခဲ့ရသည်။
ဆော့ဂျင်မျှော်နေတတ်သည်ကိုသိသောဟိုဆော့မှ လာမှာပါဟူသောစကားဖြင့်အမြဲအားပေးတတ်သော်လညိး သူကိုယ်တိုင်လည်း သေမင်းနမ်ဂျွန်းအားမျှောိနေတတ်သည်ကို ဆော့ဂျင်ရိပ်မိပါသည်။
အခန်းအပြင်တွင်ထိုင်ကာ သဲခင်းထားသောမြေပြင်ကို ခြေမလေးနှင့်ထိုးစွရင်း ဆော့ဂျင်ထိုင်နေခဲ့သည်။
ဤသည်မှာနေစဥ်လုပ်ရိုးလုပ်စဥ်ကဲ့သို့ပင်ဖြစ်နေခဲ့လေသည်။အတွေးများဖြင့် အတိတ်သို့ပြန်သွားကာ ဂျောင်ကုနှင့်အတူရှိစဥ်အချိန်ကပျော်စရာအချိန်များအားပြန်လည်တမ်းတမိပါသေးသည်။
ဂျောင်ကု၏ ရင်ခွင်ကိုလည်းလွမ်းမိသညိ။
အနမ်းချိုချိုတို့ကိုလညိးလွမ်းမိသည်။
ထင်ရှားသောမေးရိုးတို့ကိုပိုင်ဆိုင်သည့်ဂျောင်ကုကိုလွမ်းသည်။
အသံချိုသာတဲ့ချစ်ရသူဂျောင်ကုကိုလွမ်းသည်။
အမြဲလက်တွဲပြီးစျေးလမ်းလျှောကိခဲ့တဲ့အချိန်တွေကိုလည်းလွမ်းသည်။ဂျောင်ကုပေးထားသော ဆင်တူလက်စွပ်လေးအား လက်ချောင်းလေးများဖြင့်ပွတ်ကြည့်ပြီး ဂျောင်ကုအမှတ်နှင့်နမ်းရှိုက်မိပါသေးသညိ။
ဒီအချိန်ဆိုရင် ဂျောင်ကုရော သူ့ကိုလွမ်းနေလေမလား။"ဆော့ဂျင်လေး!!!"
ညှင်သာလှသော ခေါ်သံသည် ကြားချင်နေခဲ့သော ချစ်ရသူ၏ ခေါ်သံပေလား။
လွမ်းနေသည့်စိတ်ကြောင့် နားထဲတွင်ကြားယောင်နေသည်လား။အသံလာရာသို့မော့ကြည့်သော် လက်နှစ်ဖင်အားဆန့်တန်းရင်း မိမိထံ အပြေးလာနေသောဂျောင်ကု။
ဒါတွေသာ ပုံရိပ်ယောင်ဆိုရင်တောင် အနည်းဆုံးတော့အလွမ်းပြေဖို့ ထိုရင်ခွင်ထဲခိုအောင်းပေဦးမည်။
နွေးထွေးမှု နဲ့ ကိုယ်သင်းရနံ့တို့က အထင်မှားခြင်းမဟုတ်ပဲ လက်တွေ့ဖြစ်တည်မှုဟူ၍ ဖော်ဆောင်နေခဲ့သည်။
"ဂျောင်ကု...တကယ်ဂျောင်ကုလားဟင်!!!"
"တကယ်ပေါ့...ကိုယ်ပြန်လာပြီ...ကို့ရဲ့ဆော့ဂျင်လေးဆီ ကိုယ်ပြန်လာပြီ!!!"
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fanfictionကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်