Episode 1 'ကံကြမ္မာအစပျိုးခြင်း'

2.7K 234 101
                                    

ပိန်းပိတ်မှောင်နေသော အဆောက်အဦးကြီး၏ စကြံလမ်းတစ်ခုတွင် အနက်ရောင်အငွေ့သက်တစ်ခုသည် လျင်မြန်စွာရွေ့လျားလျက်ရှိသည်။

ထိုစကြံလမ်းအဆုံးတွင် ရွှေအိုရောင်တံခါးရွက်ကြီးများဖြင့် ပိတ်ထားသော အခန်းတစ်ခုသည် ရောင်စဥ်များစွာထွက်ပေါ်လျက်ရှိသည်။

အခန်းဝတွင်စောင့်နေသော ခရမ်းရောင်အငွေ့အသက်များ ခဏတာကွယ်ပျောက်သွားချိန်တွင် အနက်ရောင်အငွေ့တန်းလေးသည် ထိုအခန်းထဲသို့အလျင်အမြန်ဝင်သွားတော့သည်။

အခန်းထဲသို့ရောက်မှသာလျှင် အငွေ့မှလူပုံစံပြောင်းကာ အရောင်အဝါတောက်ပနေသော သေတ္တာပုံးများအနီးတွင် အပြာရောင်အဆင်းရှိသော ဖန်လုံး...တစ်နည်းအားဖြင့် အချိန်ထိန်းချုပ်ခြင်းဖန်လုံး အား ရှာဖွေနေတော့သည်

စင်များအသီးသီးတွင်ရှာဖွေပြီးနောက် တွေ့ရှိသွားသော အပြာရောင်အလင်းတန်းဖန်လုံးအား အလင်းကွယ်ပိတ်စဖြင့်ဖုံးအုပ်ကာ ထိုအခန်းထဲမှ ပြန်ထွက်ရန်ကြံစည်တော့သည်။

ခရမ်းရောင်အခန်းစောင့်များမလာခင် အမြန်ပြန်ထွက်ခဲ့ပါသော ထိုလူ...
နီးစပ်ရာအခန်းငယ်တစ်ခုသို့ဝင်ကာ အပြာရောင်ဖန်လုံးအားထုတ်ယူပြီးနောက် ဂါထာတချို့အားရွတ်ဆိုလေသည်။
အပေါ်ဝတ်ရုံအားဆွဲချွတ်လိုက်သောအခါ လက်ဖျံတွင်ပေါ်နေသည်က သေမင်းအမှတ် 510

ဂါထာရွတ်ဆိုခြင်းအဆုံးသတ်တွင် လင်းထိန်သွားသောတစ်ခန်းလုံး... ထို့နောက် ဖန်လုံးနှင့်အတူ ပျောက်ဆုံးသွားသော သေမင်း510.......

 ထို့နောက် ဖန်လုံးနှင့်အတူ ပျောက်ဆုံးသွားသော သေမင်း510

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

.
.
.
.
.
.

အနက်ရောင်လည်ထောင်အကျီပေါ်တွင် အနီရောင်Suit ကိုဝတ်ဆင်ထားပြီး မျက်မှန်တစ်လက်နှင့်အတူ ကြည့်ကောင်းမှုအပေါင်းကို သိမ်းပိုက်ထားသော Emross Hotel မှ Sales and Marketing Mananger ကင်ဆော့ဂျင်....

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now