ဆော့ဂျင်စရောက်သည့်နေ့က ကဲ့သို့ပင် မနက်စာဝိုင်းရှေ့တွင် အသည်းအသန်ထိုင်စားနေသူက မင်ယွန်းဂီ။
ယွန်းဂီ၏အရှေ့တစ်ဖက်စီတွင် မျက်တောင်မခတ်ပဲ ကြည့်နေကြသူက ဂျောင်ကုနှင့်ဆော့ဂျင်။
"မင်းဘယ်သူလဲ!!"
ဂျောင်ကုမှစတင်မေးလိုက်သည်။ ပလုပ်ပလောင်းဖြစ်နေသောယွန်းဂီသည် ဖြေရန်အရှိန်ယူနေစဥ်
"မင်းလည်းအနာဂတ်ကလာတာမလား!!"
ဆော့ဂျင်မှထပ်ဆင့်၍မေးလိုက်သည်။
"မင်းက အပြစ်သားလား!!"
ဂျောင်ကုမှတစ်ခါထပ်မေးသည်။
"မင်းလာတုန်းကရောအပြာရောင်အလင်းတန်းနဲ့ပဲလား!!"
ဆော့ဂျင်ထပ်မေးပြန်သည်။
"ဘာလို့ထွက်ပြေးပြီးပုံစံကအခုလိုဖြစ်နေတာလဲ!!"
ယွန်းဂီခမျာ ဆော့ဂျင်မျက်နှာတစ်လှည့် ဂျောင်ကုမျက်နှာတစ်လှည့်ကြည့်ရင်း ဘယ်မေးခွန်းကိုအရင်ဖြေရမှန်းမသိသဖြင့် ထမင်းကိုသာကုန်အောင်ဆက်စားနေလိုက်သည်။ အရှေ့မှနှစ်ယောက်၏ မေးခွန်းများသည်လည်းရပ်တန့်သွားခြင်းမရှိ။
ထမင်းစားဇွန်းလေးအား ဘေးတွင်ချလိုက်ပြီး ဗိုက်ပြည့်သွားသောကြောင့်လေချဥ်တစ်ချက်တက်လိုက်သည်။
*အေ့....*
"ဒီမှာ..မနက်စာအတွက်ကျေးဇူးပဲ!!"
"ငါမေးတာဖြေဦးလေ!!"
ထိုစကားသည် တိုင်ပင်စရာမလိုပါပဲ နှစ်ယောက်အတူတူထွက်သွားသောစကားဖြစ်သည်။
"ခင်ဗျားတို့နှစ်ယောက်လုံးက စုံနေအောင်မေးတော့ကျနော်ကဘယ်ကဘယ်လိုဖြေရမှာလဲ!!"
"ငါမေးတာပဲဖြေ!!"
ထပ်မံ၍ နှစ်ယောက်သားစကားစုံရပြန်သည်။
"ခင်ဗျားတို့နှစ်ယောက်ပဲအရင်ညှိလိုက်ပါဦး!!"
"ငါကအိမ်ရှင် ငါမေးတာဖြေ!!"
"ဟွန့်... အဲ့အိမ်ရှင်ဆိုတာကြီးပဲပြောနေတာ!!"
"ကဲပါ တော်ကြပါတော့....ကျနော့်အကြောင်းပဲပြောပြတော့မယ်...အဲ့တာကိုမှထပ်သိချင်တာရှိရင်မေးဘယ်လိုလဲ!!"
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fanfictionကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်