episode 18: trip

932 158 56
                                    

နန်းတော်၏ညီလာခံတွင် မင်းသားထယ်ယောင်း၏တောင်းဆိုမှုကြောင့် ရွာငယ်လေးများတွင်ရေတွင်းတူးခြင်းအစီအစဥ်သည် အိမ်ရှေ့စံ၏ ဦးဆောင်မှုအောက်သို့ရောက်ခဲ့ရသည်။

အမတ်တချို့၏ ကန့်ကွက်သံများသည်လည်း ဆူညံစွာထွက်ပေါ်လာခဲ့သည်။
အကြောင်းအရင်းမှာ အိမ်ရှေ့စံထယ်ယောင်းသည် ရေတွင်းတူးခြင်းအား ကိုယ်တိုင်ကိယြ်ကျ ရွာများစီသို့သွား၍ စီမံမည်ဆိုသောကြောင့်ပင်ဖြစ်သည်။

အမတ်ကြီးများသည် သူတို့၏ အခွန်တိုးတောင်းထားခြင်းများကို မင်းသားအားမသိစေလို။ ထို့ကြောင့် မင်းသားအား ထိုလုပ်ငန်းတွင် ဝင်မပညစေရန်ကန့်ကွက်ကြသည်။
အဆုံးသတ်တွင် မင်းကြီး၏ တစ်ချက်လွှတ်အမိန့်ဖြင့် အိမ်ရှေ့စံကိုယ်တိုင်ကြီးကြပ်ခြင်း ပြုနိုင်ခဲ့လေသည်။
.
.
.
.

"မင်းကြီးဘုရား... အိမ်ရှေ့စံ အခစားဝင်ပါတယိဘုရား!!"

မင်းကြီးနန်းဆောင်ရှေ့တွင် အထိန်းတော်ကြီးထံမှ ဝင်ခွင့်တောင်းသည့်အသံအဆုံးတွင် မင်းကြီး၏ အသံတွင် ဆက်လျက်ထွက်ပေါ်လာသည်။

"ဝင်ခဲ့!!"

နန်းဆောင်ထဲသို့ရောက်သည်နှင့် စာပေလွှာတစ်ချို့အား ဖတ်နေသော မင်ကြီးသည် အရိုအသေပေးနေသော အိမ်ရှေ့စံကြောင့် ပေလွှာများအားဘေးချထားလိုက်သည်။

"ကဲ...ယောင်းလေး...ထူးထူးဆန်းဆန်း နန်းဆောင်ကိုလာလို့ပါလား...ဘာပြောစရာရှိလို့လဲ!!"

"ခမည်းတော်က ကြိုသိနေတာလား...သားတော်ပြောစရာရှိတယ်ဆိုတာကို!!!"

"ဟားဟား...သိတာပေါ့...သားတော်ယောငိးလေးက လိုချင်တာရှိမှ နန်းဆောင်ကိုလာတာလေ..မဟုတ်ဘူးလား!!!"

"မဟုတ်ရပါဘူးနော် ခမည်းတော်ကလညိး!!!"

"ကဲ...ဘာပြောချင်လို့လဲ..လာရင်းကိုပြောဦး!!!"

"ဟုတ်ကဲ့... သားတော် ရေတွင်းတူးတဲ့ကိစ္စခရီးထွက်ရင်လေ သားတော်သူငယ်ချင်းတွေပါခေါ်သွားလို့ရလား!!!"

"အမတ်ကြီးဂျွန်းရဲ့သားနဲ့...အမတ်ကြီးပတ်ရဲ့သားတို့ကိုလား!!"

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now