မနေ့ကတွေ့ခဲ့သော ရှေ့ဖြစ်ဟောဆိုသူအား ဆော့ဂျင်မှ တွေ့လိုသဖြင့် ဂျောင်ကုကိုယ်တိုင် ယန်းဒုံစျေးသို့လိုက်ပို့ဖြစ်သည်။
ယန်းဒုံစျေးသည် သာမန်လူစည်ကားရုံတင်မဟုတ်ပဲ လောင်းကစားသမားများကြီးစိုးရာ စျေးလည်းဖြစ်သည်။ ထို့ကြောင့် လက်တစ်ဖက်မှ ဓားရှည်ကိုဆုပ်ကိုင်ထားသကဲ့သို့ နောက်လက်တစ်ဖက်မှလည်း ဆော့ဂျင်လက်အား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလေသည်။ပိုးထည်များရောင်းသောလူအား ရှေ့ဖြစ်ဟောဂျောင်ဟိုဆော့၏ နေရာမေးသော် ခပ်လှမ်းလှမ်း ရှိဆောင်ကြာမြိုင်သို့ လက်ညှိုးညွှန်ပြလေသည်။
ရှေ့ဖြစ်ဟောတစ်ယောက်က ဆောင်ကြာမြိုင်အတွင်းမှာဟူသောစိတ်က ဂျောင်ကု၏ မယုံကြည်သောစိတ်တို့အား ပို၍ကြီးထွားလာစေသည်။ဆော့ဂျင်ကသာ အများကြီးယုံနေသည်။ ဂျောင်ကုအတွက်ယုံချင်စရာတစ်ကွက်မှမရှိ။ သို့တည်းမဟုတ် မယုံချင်နေတာများဖြစ်လေမလား။
ယုံကြည်မိလျှင် ဆော့ဂျင်အိမ်ပြန်လမ်းတွေ့မည်။ ထိုအခါ ဝေးကြရမည့်သူမှာ သူနဲ့ဆော့ဂျင်သာဖြစ်သည်။
ရင်ခုန်သံ ဖြစ်တည်ရာကို သိကာမှ ဝေးကြရမယ့်လမ်းကို ကိုယ်တိုင်ရှာဖွေပေးနေမိသည်။
ကိုယ်သည် ထူးချွန်နေသူလား တုံးအနေသူလား။"သခင်လေးတို့...ကြွပါရှင်!!!"
"သခင်လေး...အဖော်ပြုပေးရမလား!!"
"ဒီဘက်ကသခင်လေးက မျက်နှာစိမ်းလေးပဲ... ချစ်စရာလေး!!!"
"သခင်လေးက... ဂျွန်းအိမ်တော်က သခင်လေးဂျွန်းမလား... ကျမ အဖော်ပြုပေးပါရစေ!!"
ဆောင်ကြာမြိုင်အတွင်းသို့ ခြေလှမ်းလှမ်းရုံမျှဖြင့် အလှသွေးကိုယ်စီနှင့် မိန်းမများသည် ဂျောင့ကုနှင့် ဆော့ဂျင်တို့အနားသို့ကပ်ကာ စကားကမ်းလှမ်းကြလေသည်။
ထိုအခြေအနေအား မကြုံဖူးသော ဆော့ဂျင်သည် ဂျောင်ကုလက်ကိုသာ အားကိုးတကြီး ဆွဲကိုင်နေမိသည်။"ရှေ့ဖြစ်ဟော ဂျောင်ဟိုဆော့ ဒီမှာရှိတယ်ဆိုလို့လာတာ!!"
ချွဲအီနေသော အမျိုးသမီးတို့အား ဂျောင်ကု သေချာမကြည့်ပဲ လိုရာကိုသာ ပြောလိုက်သည်။ ထိုမှသာ တစ်ချို့တစ်ဝက်က အနားမှပြန်ထွက်သွားပြီး ခေါင်းဆောင်ဖြစ်ဟန်တူသော အမျိုးတစ်မီးတစ်ယောက်သည် အရိုအသေပေးလာသည်။ ကျန်ရှိနေသော သူများအား လက်ကာပြ၍ ထွက်သွားခိုင်းလိုက်ပြီးနောက်
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fanfictionကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်