အချစ်ရှိရာအရပ်သည် သာယာ၏။
အချစ်ရှိသောနေ့စွဲများသည် နွေးထွေးမှုအပြည့်ရှိသည်။
အချစ်ကြောင့်ပင် ပန်းများပွင့်လန်းကုန်သညိ။
အချစ်ကြောင့် ရင်ခုန်သံတို့သည်လည်း ကျယ်လောင်ခဲ့ရသည်။ချစ်ခြင်းအတိဖုံးလွှမ်းနေသောချစ်သူနှစ်ဦးတို့၏ နေ့ရက်တိုင်းသည် အပြုံးများဖြင့်ဝေဆာနေလေသည်။
ဂျောင်ကုတစ်ယောက်အိမ်ပေါ်မှဆင်းလာသော်လည်း ရှေ့ဖြစ်ဟောဂျောင်၏အိမ်တွင်သာ သောင်တင်နေခဲ့သည်။
သခင်မကြီးသွားနေခိုငိးသော ကျေးလက်သို့ရွှေ့ပြောင်းရန် နေ့ကောင်းရက်မြတ်မရောက်သေးသဖြင့် ဟိုဆော့၏တားဆီးမှုကြောင့် ဆော့ဂျင်တို့နှစ်ယောက် ဟိုဆော့နှင့်အတူတူရှိနေရသည်။"ဟိုဆော့... ကျနော်တို့အပြင်ခဏသွားဦးမယ်!!"
တကုပ်ကုပ်နှင့်အလုပ်ရှုပ်နေသော ဟိုဆော့အား ဂျောင်ကုမှပြောလိုက်ခြင်းဖြစ်သည်။
"ဟုတ်ပြီ သခင်လေးဂျွန်...ဂရုစိုက်သွားကြဦးနော်!!"
"ဟိုဆော့ကဗျာ... ကျနော်က သခင်လေးဂျွန်မဟုတ်တော့ပါဘူးဆိုတာကို!!"
"နှုတ်ကျိုးနေပြီလေ..!!"
"အင်းပါ!!"
"အာ့ဆို ဟိုဆော့သွားပြီနော်!!"
"ဂရုစိုက်သွား ဆော့ဂျင်!!"
ဟိုဆော့အားလက်ပြနှုတ်ဆက်ကာ ခမောက်ကိုငိုက်စိုက်ဆောင်း၍ ထိုအိမ်မှ ထွက်လာခဲ့ကြသည်။
လွတ်လွတ်လပ်လပ် ထွက်ရသည်မဟုတ်ပဲ နောက်ယောင်ခံသူရှိမရှိကို သတိထား၍ထွက်ရသဖြင့် သိပ်တော့မလွယ်ကူလှချေ။
သို့သော့ အချစ်စွမ်းအားဟုပင်ခေါ်လေမလား ချစ်သူလက်ကိုဆွဲကိုင်၍လျှောက်သောလမ်းသည် ခယောင်းလမ်းဆန်နေတာတောင် ပန်းခင်းလမ်းဟုထင်နေမိသည်။
ဆော့ဂျင်၏လက်ကိုမလွတ်တမ်းဆုပ်ကိုင်ကာလျှောက်လှမ်းနေသော ဂျောင်ကု၏ခြေလှမ်းများသည် ပေါ့ပါးသွက်လက်နေလေသည်။
အရှေ့မှဦးဆောင်ကာ လက်ဆွဲထားသော ဂျောင်ကုအား ကြည့်ရင်းဆော့ဂျင်ဝမ်းသာပီတိတို့ တဖိတ်ဖိတ်လျှံကျလျက်ရှိသည်။
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fanfictionကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်