episode 13: မချစ်မိစေနဲ့

982 180 65
                                    

အိမ်အပြန်လမ်းတို့သည် အလာတုန်းကနှင့် မတူညီစွာ ခပ်ခွာခွာလျောက်နေမိသည်။ ဆော့ဂျင်အားအရှေ့မှလျောက်စေ၍ ဂျောင်ကုသည် ခြေတစ်လှမ်းအကွာမှသာလိုက်လာခဲ့သည်။
တိတ်ဆိတ်နေသောနှစ်ဦးသားကြားတွင် ပတ်ဝန်းကျင်၏ ဆူညံသံများကသာ ကြီးစိုးနေလျက်ရှိသည်။

ဆော့ဂျင်သာအိမ်ပြန်သွားခဲ့လျင်ဆိုသောအတွေးတို့ကြောင့်လား... ထူးဆန်းသော သေမင်း... အနာဂတ် စတဲ့ စကားလုံးတွေကြောင့်လား။
သို့တည်းမဟုတ် ပြန်မရသေးဘူးဆိုသောစကားအဆုံးတွင် မျက်နှာငယ်သွားသောဆော့ဂျင်ကြောင့်လား။ အိမ်အပြန်လမ်းတစ်လျောက် အတွေးများပြီး သူ့အား မခေါ်သောဆော့ဂျင်ကြောင့်လား
ဂျောင်ကုအသေအချာမသိပါ။ လက်ရှိတွင်တစ်စုံတစ်ခုအပေါ်..တစ်စုံတစ်ယောက်အပေါ်စိတ်ဆိုးချင်နေမိသည်။ အကြောင်းပြချက် ရေရေရာရာမရှိ။

တိတ်ဆိတ်၍ ခပ်တည်တည်ဖြစ်နေသောဂျောင်ကုကြောင့် ဆော့ဂျင်စကားစရှာမရဖြစ်နေရသည်။ ဘယ်ကစ၍ ဘယ်လိုပြောရမယ်မှန်းမသိသောကြောင့် ဂျောင်ကုအား စကားပြောရန် စကားလုံးရှာရင်းနှင့်ပင် အိမ်ပြန်လာနေမိသည်။

ခပ်လှမ်းလှမ်းတွင်မြင်နေရသော ဂျွန်းအိမ်တော်သို့ရောက်လာသော်လည်း စကားတစ်ခွန်းမျှမပြောဖြစ်ခဲ့ကြပေ။ အိမ်တော်တံခါးအရှေ့ရောက်မှ ပြန်လှည့်ထွက်ရန်ကြံနေသောဂျောင်ကုအား ဆော့ဂျင်ခေါ်လိုက်မိသည်။

"ဂျောင်ကု...ဘယ်သွားမလို့လဲ... အထဲမဝင်သေးဘူးလား!!"

"ဂျီမင်တို့အိမ်သွားမလို့... မင်းဝင်နှင့်!!"

"ဪ!!!"

"နေဦး!!!... လက်က ဒဏ်ရာဆေးထည့်ထားဦး..ငါသွားပြီ!!"

ပြောပြီးသည်နှင့် ထွက်ခွာသွားသော ကျောပြင်လေးကိုသာဆော့ဂျင်ငေးရင်းကျန်ခဲ့သည်။
ဂျောင်ကု၏ သူ့အပေါ် ခပ်စိမ်းစိမ်း ဆက်ဆံနေသည်ကို ဆော့ဂျင်စိတ်မကောင်းဖြစ်မိသည်။
ဂျောင်ကုဆေးထည့်ဖို့မှာသွားသော လက်မှ ဒဏ်ရာလေးကိုငုံ့ကြည့်မိသည်။

"ဂျောင်ကုအကျင့်မကောင်းတဲ့ကောင်... ဒီဘက်ခေတ်ဆေးတွေငါမှမသိတာကို ထည့်မပေးသွားဘူး!!!"

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now