episode 10: ချဥ်းကပ်ကြခြင်း

1K 195 55
                                    

လက်ဆွဲတော်ဓားအားတစ်ဖက်က ကိုင်ကာ အုတ်တံတိုင်းကျော်ကာခါနီး ဂျောင်ကု၏ အကျီစအားဆော့ဂျင်ဆုတ်ကိုင်ထားလိုက်သည်။
အုတ်တံတိုင်းပေါ်ရောက်နေသော ပတ်ဂျီမင်သည် ဂျောင်ကု နှင့် ဆော့ဂျင်အား တစ်ချက်ပြန်လှည့်ကြည့်သည်။
ဂျောင်ကုမှ ခေါင်းငြိမ့်ပြလိုက်သောကြောင့် ဂျီမင် အရင်ဆင်းသွားကာ မြင်းတစ်ကောင်နှင့်အတူ ခပ်လှမ်းလှမ်းသို့ထွက်သွားလေသည်။

"ဆော့ဂျင် ဘာလဲ...သွားတော့မယ်ဟာကို!!"

"ငါလည်းလိုက်မယ်လေ ဂျောင်ကု!!"

"မလိုက်နဲ့တော့..အိမ်မှာပဲစောင့်နေနော်!!"

"အရင်အခေါက်တွေကကျတော့ ခေါ်ပြီးတော့!!"

"မတူတော့ဘူးလေ... အခုအိမ်မှာက ယွန်းဂီလည်းရှိနေတာကို မင်းကိုပါခေါ်သွားရင်သူတစ်ယောက်ထဲကျန်ခဲ့မှာလေ...ပြီးတော့ ငါတို့ကိုရိပ်မိပြီး တိုင်တာတွေလုပ်ရင်ဘယ်လိုလုပ်မလဲ!!"

"ယွန်းဂီက အဲ့လိုလုပ်မယ့်သူမျိုးမဟုတ်လောက်ပါဘူး...ဂျောင်ကုရယ်!!"

"ဆော့ဂျင်... မင်းသူ့ကိုယုံတာမယုံတာတော့ ငါမသိဘူး....ငါကတော့ ဘယ်သူ့ကိုမှ လွယ်လွယ်မယုံဘူး!!!"

"ဒါဆိုငါကရော...ငါတုန်းက ကျတော့ ဘာလို့ယုံခဲ့လဲ တစ်ရက်ထဲနဲ့လေ!!!"

"ကျစ်.... မတူဘူးလေ... တော်ပြီကွာ...အိမ်မှာပဲစောင့်နေ ဟုတ်ပြီလား!!"

"သခင်လေးပတ်ကိုပါခေါ်သွားမှာလား!!"

"အင်း..ဟုတ်တယ်.. မင်းကိုတောင်ခေါ်သေးတာ သူ့ကိုလည်းခေါ်ပါတဲ့လေ!!"

"အင်းပါ...ဂရုစိုက်သွားကြ...စောင့်နေမယ်!!"

"အင်း...သွားပြီ ဆော့ဂျင်!!!"

ကိုင်ထားသော အကျီစလေးအား လွှတ်ပေးလိုက်သည်နှင့် အုတ်တံတိုင်းပေါ်သို့ လွှားခနဲပျံကာကျော်သွားသော ဂျောင်ကု၏ ပုံရိပ်သည် သူရဲကောင်းတို့၏ သွင်ပြင်တို့ ထင်ဟပ်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။

ထို့နောက် ဘေးဘီကိုကြည့်ကာ အဆောင်တော်ရှိရာသို့သာ ဆော့ဂျင် ပြန်လာခဲ့တော့သည်။

"ဂျင်...ဘယ်သွားနေတာလဲ!!"

ခပ်ကုပ်ကုပ်ပြန်လာနေသော ဆော့ဂျင်အား ယွန်းဂီမှ မေးလိုက်ခြင်းဖြစ်သည်။

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now