Episode 8: လူစိမ်းနှင့်သဝန်တိုနေသောဂျွန်း

1.1K 205 40
                                    

မနက်ခင်းစောစောတွင် ဂျောင်ကုတစ်ယောက် သခင်ကြီးဂျွန်းနှင့်အတူ နန်းတော်သို့အခစားဝင်ရန်ထွက်လာခဲ့ရသည်။

ခပ်စောစောဖြစ်သဖြင့် အိပ်နေသောဆော့ဂျင်အား အသိမပေးနိုင်။ အိမ်အလုပ်သမားတစ်ဦးအားမှာကြားကာသာ ဆော့ဂျင်အားထားခဲ့ရသည်။

ဆော့ဂျင်နိုးနိုးချင်း စလုပ်ဖြစ်သည်က ဂျောင်ကု၏ အဆောင်ထဲသို့ဂျောင်ကုအားရှာဖွေခြင်းဖြစ်သည်။

"ဂျောင်ကုဘယ်ရောက်သွားပြန်ပြီလဲမသိဘူး!!"

"သခင်လေးနိုးပြီလား... သခင်လေးဂျွန်းက နန်းတော်ကိုအခစားဝင်ဖို့ သခင်ကြီးခေါ်သွားလို့!!"

"ဪ... အဲ့တာငါ့ကိုလည်းမပြောသွားဘူး!!"

"သခင်လေးရဲ့အခန်းရှေ့မှာ သခင်လေးဂျွန်းလာကြည့်နေသေးတယိ..ကြည့်ရတာ အိပ်နေလို့မပြောတာနဲ့တူပါတယ်!!"

"အင်းပါ... ဒါနဲ့ နန်းတော်သွားရင်ဘယ်လောက်ကြာတတ်လဲ!!"

"အဲ့တာကတော့ ကျနော်မျိုးတို့လညိးသေချာမသိဘူး သခင်လေး!!"

"အင်းပါ.. လုပ်စရာရှိတာလုပ်လေ!!... သခင်လေးပတ်တို့ဆီပဲသွားလိုက်ဦးမယိ!!"

"ဟုတ်ကဲ့ပါသခင်လေး!!"

အိမ်တော်တွင် ဂျောင်ကုမရှိသည့်အချိန်လေးကို အပြင်ထွက်ရမည်။ သခင်လေးပတ်တို့အိမ်သည်ချောင်းပေါက်မတတ်ရောက်ဖူးသော်လည်း ဂျောင်ကုသာမပါလျှင်ဘယ်မှမသွားရသောဆော့ဂျင်သည် ယခုအချိန်တွင်တစ်ယောက်ထဲထွက်ရန်ပို၍ပျော်နေမိသည်။

လက်လေးကိုနောက်ပစ်ရင်းလေချွန်ကာ ဆော့ဂျင်၏ခြေလှမ်းတို့သည် ပေါ့ပါးလျက်ရှိနေသည်။
အိမ်တော်မှ လမ်းတစ်ဆစ်ချိုးနေရာတွင် ဆော့ဂျင်ခြေထောက်တို့အလိုလိုရပ်တန့်သွားခဲ့ရသည်။

အသံ...ငြီးတွားနေသောအသံ.. အသံလာရာအားဆော့ဂျင်ဝေ့ဝိုက်ရှာဖွေနေမိသည်။
အသံနှင့်နီးလာဟန်တူသောနေရာတွင် ကောက်ရိုးများနှင့်အတူရှိနေသောလှည်းတစ်စီး။
ထိုလှည်းခြေရင်းတွင် ကောက်ရိုးများအားမှီထားသော လူတစ်ဦး။ သတိရတစ်ချက် မရတစ်စချက်ဖြစ်နေဟန်တူသောထိုလူမှ

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now