Episode:23 ယုတ်မာခြင်း

789 127 50
                                    

ဒီရက်ပိုင်း ဖခင်ဖြစ်သူ၏ခပ်တန်းတန်းဆက်ဆံမှုကြောင့် ဂျောင်ကုအနေအထိုင်ခက်နေရသည်။
ထိုကိစ္စ၏ အဓိကအကြောင်းအရင်းမှာ ကြင်ယာတော်ကိစ္စနှင့်ပတ်သတ်၍ ထယ်ယောင်းအားအပူကပ်မိရာမှစလေသည်။

ထယ်ယောင်း၏ကြားဝင်ကူညီပေးမှုကြောင့် မင်းကြီးကိုယ်တိုင်ကပင် ဂျောင်ကုအားနန်းဆောင်သို့ အခေါ်လွှတ်ခဲ့လေသည်။

စိတ်ပါဝင်စားခြင်းမရှိသော ဤကြင်ယာတော် နေရာအကြောင်းငြင်းဆိုမိတော့ မင်းကြီးသည် ခပ်လေးလေးပုံစံဖြင့်ခေါင်းငြိမ့်ပြရှာသညိ။
အချစ်မပါသောအိမ်ထောင်တစ်ခုအား သမီးတော်ကိုမဖြစ်စေလိုဘူးဟူ၍ပင်အဆုံးသတ်သွားသည်။

တော်သေးတယ် မင်းကြီးသည် ဖခင်ထက်စာလျှင် အများကြီး ပြောရလွယ်ပေသည်။
ဤသို့ငြင်းဆိုခဲ့သည်ကိုသိသည်နှင့် ပေါက်ကွဲထွက်နေသည့်မီးတောင်ပမာ ဂျွန်အိမ်တော်သည် မငြိမ်းချမ်းတော့ပေ။

လက်တလောတွင် ဖခင်သည် ပြန်လည်ငြိမ်သက်သွားသဖြင့် ကောင်းသည်လားဆိုသည်လားပင်မသိတော့။
တွေ့တိုင်းမျက်စောင်းတခဲခဲသာ ကျန်
နေတော့သည်။

"ဂျောင်ကု!!"

သခင်ကြီးရဲ့ မျက်စောင်းအကြောင်းတွေးနေတုန်း ချစ်ရပါသော ဆော့ဂျင်လေးအသံကြောင့် အတွေးတို့သည် ကြက်ပျောက်ငှက်ပျောက်ပင်ဖြစ်ရပြန်သည်။

"ဗျ..ကိုယ့်အချစ်လေး!!"

"ဘုရားရေ!!"

"ဘာ..ဘာဖြစ်တာလဲဆော့ဂျင်!!"

"ထူးတဲ့ပုံကလည်းပျားသကာလို ချိုမြနေလို့လေ!!"

"အဲ့တော့မကြိုက်ဘူးလား!!"

"ကြိုက်ပေမယ့် ကြက်သီးတော့ထတယ်!!"

"အဲ့တာဆို ထ​နေတဲ့ ကြက်သီးတွေပျောက်အောင် လာပါဦးအနားကို ဖက်ထားပေးမယ်!!"

"ခင်ဗျားကလေ..တော်တော်ကိုကဲတယ်!!"

"ချစ်တာကိုလို့!!"

"ဂျောင်ကု..ဒီလက်စွပ်လေးက!!"

"အဲ့နေ့ကတည်းက ကိုယ်ဆင်တူဝယ်ထားလေ..ဆော့ဂျင်နဲ့ကိုယ် ဆင်တူလေး!!"

"ဟုတ်လား...အခုမှတွေ့တော့တယ်!!"

"ဆင်တူလက်စွပ်လေးမို့ သေချာသိမ်းထားရမယ်နော်ဆော့ဂျင်!!"

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now