Episode 6:ဂျောင်ကုရဲ့ မယ်ရီယန်

1.1K 212 104
                                    

"ဒါဆို ဂျောင်ကုက Robin hood ပေါ့!!!"

"ဟမ်...robin ဘာကြီး!!"

"ဪ... အဂ်လန်နိုင်ငံက လော့စလီမြို့စားမင်း robin hood လိုပေါ့.. နေ့ဘက်မှာ မြို့စားမင်း... ညဘက်ဆိုရင် ​လေးသည်တော်တစ်ဦး..ရှိတဲ့သူတွေဆီက ခိုးပြီး မရှိတဲ့သူတွေကို ပြန်ပေးတာ!!!"

"အဲ့လိုလား... ဒါပေမယ့် ငါက ငါ့အိမ်နဲ့ ဆွေတော်မျိုးတော်အိမ်ကပဲယူတာပါ!!!"

"ဘာပဲဖြစ်ဖြစ် ဂျောင်ကုက အဂ်လန်က robin hood မဟုတ်ပေမယ့် ဒယ်ဟန်မင်ဂုရဲ့ ဂျွန်းဂျောင်ကုပေါ့...မဟုတ်ဘူးလား!!!"

"ဟားဟား.. မင်းပြောတဲ့သူတွေကိုမသိပေမယ့် မင်း​ပြောတာဆိုတော့လည်း ဟုတ်တယ်ပဲထားပါတော့!!!"

ဂျွန်းအိမ်တော်၏ အနောက်ဘက်ရှိ အရိပ်ရသစ်ပင်များ အစီအရီပေါက်ရောက်နေသော သစ်ပင်ရိပ်တစ်ခုအောက်တွင် ဆော့ဂျင်သိလိုသမျှကို ဂျောင်ကု အသေးစိတ်ပြောပြနေသည်။

အိမ်တော်အနောက်ဘက်သည် တော်ရုံလူသိပ်မလာသဖြင့် ဂျောင်ကု သူ့အကြောင်းအားပြောပြရန်အကောင်းဆုံးနေရာလည်းဖြစ်သည်။

"ဒါနဲ့ သခင်လေးပတ်ကျတော့ သိပြီးတော့ ဟိုသခင်လေးကင်ထယ်ယောင်းကျတော့ဘာလို့ အသိမပေးတာလဲ!!!"

"အဲ့တာက... အဲ့တာ...သူပါသိရင် သူ့အတွက်အန္တရာယ်များမှာဆိုးလို့ပါ...!!!!"

"ဒါဆို အခုကျနော်လည်းသိသွားပြီလေ...ကျနော် အန္တရာယ်များမှာကျတော့ မစိုးရိမ်ဘူးပေါ့!!!"

"မင်းဘေးနားမှာ ငါတစ်ယောက်လုံးအမြဲရှိနေတာကို ဘာကို စိုးရိမ်ရမှာလဲ ကင်ဆော့ဂျင်!!!"

"ထားပါတော့!!!"

"ဆော့ဂျင် စောစောက robin hood ဆိုတဲ့အကြောင်းထပ်ပြောပြပါလား!!!"

"ဘာလဲ စိတ်ဝင်စားသွားတာလား... ဂျောင်ကုနဲ့တူတယ်ဆိုလို့လေ!!!"

"ပြောမှာသာပြောပြပါ!!!"

"robin က သနားညှာတာစိတ်အရမ်းများတော့ သူ့မှာရှိတာအပြင် တခြား ကြွယ်ဝတဲ့သူတွေဆီကပါ ခိုးယူပြီးတော့ မရှိတဲ့သူတွေကိုထောက်ပံ့တယ်လေ... အခွန်တွေ အများကြီးပေးရတော့ တိုင်းသူပြည်သားတွေက ငတ်မွတ်မှုတွေ အများကြီးခံစားရတာ..

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now