Episode 24: 510

750 134 34
                                    

မျက်နှာဖုံးပိုင်ရှင်အား ဖမ်းမိသည်ဆိုသော သတင်းကြောင့် နန်းတော်တစ်ခုလုံး အုံးအုံးကြွကြွ ဖြစ်နေကြသည်။

တစ်မဟုတ်ခြင်းပျံ့နှံသွားသော ထိုသတင်းတွင် အခိုးခံရသော အမတ်များမှာ စိတ်ကျေနပ်မှုအပြည့်ရှိနေပြီး သခင်ကြီးဂျွန်၏ ဖြောင့်မတ်မှုအားချီးမွှမ်းခန်းဖွင့်နေကြသည်။

တိုင်းသူပြည်သားများမှာမူ ထိုသို့မဟုတ် ကယ်တင်ရှင်ကြိုးမျှင်တစ်ချောင်းပျောက်ဆုံးသွားသကဲ့သို့ ဝမ်းနည်းပူဆွေးကြသည်။

မျက်နှာဖုံးပိုင်ရှင်လေးဘက်မှ ဆုတောင်းပေးရုံသာ တတ်နိုင်ကြလေသည်။

နန်းတော်၏ စစ်ဆေးမေးမြန်းသည့်နေရာတွင် မေးသမျှအားနှုတ်ဆိတ်နေပါသည့် ဆော့ဂျင်။
ခေတ်သစ်မှာသာဆို အပြစ်သားဆိုလည်းနှုတ်ဆိတ်နေခွင့်ရှိသည်မဟုတ်ပါလား။ ရှေ့နေခေါ်၍ ဖြေရှင်းလို့ရပါသည်မဟုတ်လား။

သို့သော် ယခုလိုရောက်ရှိနေသောခေတ်တွင်တော့ နှုတ်ဆိတ်နေခြင်းအတွက် စစ်ဆေးမေးမြန်းသည့်လက်နက်များစွာက ဖွင့်ဟလာစေရန် အထောက်အပံ့ပေးနေလေသည်။

စစ်ဆေးရေးမှုးသည် မျက်နှာခြင်းဆိုင်ရှိ ခပ်မြင့်မြင့်နေရာတွင်ခုံဖြင့်ထိုင်နေလျက်ရှိသည်။
ဆော့ဂျင်သည် အပြစ်သားဖြစ်သည့်အတွက် အဖြူရောင် အောက်ခံဝတ်စုံသာ ဝတ်ဆင်ထားရသည်။

သစ်သားထိုင်ခုံတွင် လက်ရော ခြေထောက်များပါ ကြိုးဖြင့်စည်းနှောင်ထားပြီး ရဲမက်တစ်ဦးက အနားတွင် တုတ်ကိုင်ကာ ရပ်စောင့်နေလေသည်။

"မင်းရဲ့အပေါင်းအပါတွေကို ထုတ်ပြောမယ်ဆိုရငိ ပြစ်ဒဏ်သက်ညှာပေးမယ်!!"

စစ်ဆေးရေးမှူး၏စကားသည် ဆော့ဂျင်ထံသို့မရောက်သည့်အလား မသိသလိုနေလိုက်သညိ။

ထိုသို့နေမိသည့်အတွက်ဘေးကရပ်နေသည့်ရဲမက်လက်ထဲရှိတုတ်သည် ဆော့ဂျင်ပေါင်ကြားသို့ရောက်လာကာ အပြစ်ပေးလေသည်။

(နန်းတွင်းကားတွေမှာတွေ့ဖူးကြတယ်မလား)

ဆော့ဂျင်ထံမှ အော်သံအပြင်တခြားမည်သည့်စကားမှထွက်မလာခဲ့။
ချစ်ရသူအတွက် ကိုယ်စားခံပေး၍လာခဲ့သူသည် ကြံရာပါအားဖော်ထုတ်ပါဆိုတော့ သေချာသည်က နှုတ်ဆိတ်နေဦးမည်ဆိုတာပင်။

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now