Episode 26

682 120 23
                                    

သေမင်းယွန်းဂီ၏ အစွမ်းကြောင့် အိပ်ပျော်နေသေးသော ဆော့ဂျင်အားပွေ့ချီကာ ရှေ့ဖြစ်ဟောဂျောင်၏ အခန်းသို့ ဂျောင်ကု ခေါ်လာခဲ့သည်။

ညနက်ချိန်ဖြစ်သော်လည်း အစီအစဥ်အားကြိုသိနေသည့် ဂျောင်ဟိုဆော့သည် ဂျောင်ကုတို့သုံးယောက်အား စောင့်ဆိုင်းနေပေးခဲ့သည်။

အဆင်သင့်ပြင်ပေးထားသော အိပ်ရာပေါ်သို့ ဆော့ဂျင်အား ဖြေးညှင်းစွာချပေးပြီးနောက် ဒဏ်ရာများအားကြည့်ရင်း ဂျောင်ကုရင်နာလာရပြန်သည်။

ဂျီမင်နှင့် ဂျောင်ဟိုဆော့သည် ရှောင်ပေးသည့်အလား အခန်းအပြင်သို့ထွက်ကာ မတ်တပ်ရပ်နေကြလေသည်။

ရှေ့ဖြစ်ဟောဂျောင်ပြင်ပေးထားသော ဝတ်စုံတစ်ချို့အား ကိုင်တွယ်ကြည့်ပြီးနောက် ဆော့ဂျင်၏ သွေးစွန်းနေသော ဝတ်ရုံအားဂျောင်ကု ကိုယ်တိုင်လဲလှယ်ပေးလေသည်။

ခန္ဓာကိုယ်အနံ့ရှိ ဒဏ်ရာများအား နှုတ်ခမ်းပါးနှင့်ထိကပ်ကာ နမ်းရှိုက်၍ဆေးအသွင် ဖြည့်တင်းပေးခဲ့သည်။

နဖူးစပ်ရှိ ဆံစလေးများအား အသာယာ သပ်တင်ပေးရင်း ချစ်ရသူ၏ နှုတ်ခမ်းလေးကို ဂျောင်ကု
နမ်းရှိုက်မိပြန်သည်။

"ဆော့ဂျင်...ကိုယ်ပြန်လာမှာမို့ စောင့်နေနော်...နိုးလာလို့ ကို့ကိုမတွေ့ရင်စိတ်မဆိုးရဘူးနော်...အခြေအနေအရ ကိုယ်တို့ ရက်ပိုင်းလောက်မတွေ့ပဲနေရအောင်နော်..ဆော့ဂျင်လေးရဲ့ လုံခြုံရေးကြောင့်ပါ ကိုယ့်ကို နားလည်ပေးနော်!!"

အိပ်ပျော်နေသော ဆော့ဂျင်မကြားရမှန်းသိသော်လည်း တဖွဖွမှာနေမိသညိ။
ဆော့ဂျင်နိုးလာလျှင် အရင်ဆုံးရှာနေမှာ သူ့ကိုဆိုတာသိသော်လည်း ရက်ပိုင်းလောက်တော့မတွေ့မှဖြစ်မည်။

မဟုတ်လျှင် ဆော့ဂျင်နေသောနေရာကို အဖေဖြစ်သူရိပ်မိသွားမည်ဆိုသည်မှာအမှန်ပင်။

ဆော့ဂျင် မျက်နှာလေးအား တမေ့တမောငေးကြည့်နေစဥ် အခန်းအတွင်းသို့ ဂျီမင်နှင့် ဟိုဆော့တို့ပြန်ဝင်လာခဲ့သည်။

"ဂျောင်ကု..သွားရအောင် ယွန်းဂီရဲ့အစီအရင်က အချိန်အကြာကြီးမရဘူး!!"

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now