နေဝင်ရီတရော အချိန်တွင် ဂျွန်းအိမ်တော်သို့ပြန်လည်ရောက်ရှိလာသော ဂျောင်ကုနှင့်ဆော့ဂျင်သည် အိမ်တော်၏ အခြေအနေအား တစ်ချက် ကြည့်ပြီးမှသာ ဝင်လာခဲ့သည်။
သခင်မကြီးမှ ဂျောင်ကုဒဏ်ရာအားမြင်ခဲ့လျှင် မေးလာမည့်မေးခွန်းများအပြင် စိုးရိမ်စိတ်များနေရမည်။ ထို့အပြင် သခင်ကြီး အား ပြန်လည်ပြောပြသော် အိမ်ရှေ့စံ တိုက်ခိုက်ခံရခြင်းပါ သိသွားမည်စိုးသောကြောင့် ခိုးကြောင်ခိုးဝှက်ဖြင့်သာပြန်လာရခြင်းဖြစ်သည်။
ထယ်ယောင်း၏ခွင့်ပြုချက်မပါရှိပါပဲနှင့် ထိုနေ့ဖြစ်ရပ်အား မည်သူ့မျှ ပြန်ပြောပြကြမည်မဟုတ်ပေ။
ကံကောင်း၍လူရှင်းနေသဖြင့် ဆော့ဂျင် ဂျောင်ကုအား တွဲကာအဆောင်တော်ဘက်သို့ခပ်မြန်မြန်လျောက်လာကြသည်။
သို့သော် အဆောင်တော်အဝင်ဝတွင် ယွန်းဂီမှ မြင်သော် သူတို့နှစ်ယောက်အနားသိူ့ ပြေးလာခဲ့သည်။"ဂျင်... သခင်လေးဂျွန်း...ဘာတွေဖြစ်လာကြတာလဲ!!!!"
ဂျောင်ကု၏ ဒဏ်ရာနှင့်သွေးစွန်းနေသောဆော့ဂျင်လက်တို့အားကြည့်ပြီး ယွန်းဂီ မေးလာခဲ့သည်။
"ယွန်းဂီ...တိုးတိုးနေ.. အရင်ဆုံး ဂျောင်ကုကိုအခန်းထဲသွင်းလိုက်ဦးမယ်...လောလောဆယ် မသိသလိုနေပေးပါ..ပြီးတော့ ရေပတ်ဝတ်လေးနဲ့ ဆေးတစ်ချို့ယူလာပေးပါ ဘယ်သူမှမသိပါစေနဲ့ယွန်းဂီ!!!"
"ဟုတ်ပြီ ဂျင်!!"
လှည့်ထွက်သွားသော ယွန်းဂီသည် ဆော့ဂျင်ယူခိုင်းသမျှကိုသာ သွားယူလေသည်။
ဆော့ဂျင် ဂျောင်ကုအား အိပ်ဆောင်အတွင်းသို့ ပို့ဆောင်ပြီးသည့်နောက်တွင်
"ဂျောင်ကု... အရမ်းနာနေလားဟင်... ကျနော်ဆေးထည့်ပေးမယ်နော်!!"
"ကိုယ် အဆင်ပြေပါတယ် ဆော့ဂျင်!!"
"အဆင်ပြေတဲ့သူက ဘာလို့ဒဏ်ရာကြီးနဲ့လဲလို့!!!"
"ဒီလောက်က သိပ်အဆိုးကြီးမဟုတ်ပါဘူး ဆော့ဂျင်ရယ်!!!"
"အကျီချွတ်လိုက်ရအောင် ဂျောင်ကု...ကျနေ်ကူညီပေးမယ်!!"
ဂျောင်ကု၏ ဒဏ်ရာအား ဆေးထည့်နိုင်ရန် အဝတ်တို့အား တစ်လွှာပြီးတစ်လွှာချွတ်ပေးနေသည်။ ထို့နောက် ယွန်းဂီလာပို့ပေးသော ရေဝတ်နှင့် ဒဏ်ရာရှိသွေးများအား သုတ်သင်ပေးနေသည်။
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fanfictionကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်