Episode 29: နှုတ်ဆက်ခြင်း

745 106 18
                                    

ဂျောင်ဟိုဆော့၏ တွက်ချက်မှုအရ ယနေ့သည်ရွေ့ပြောင်းသွားလာရန် အဆင်ပြေဆုံးနေ့ရက်ဖြစ်နေလေသည်။

ထို့ကြောင့် အဝတ်အနည်းငယ်နဲ့စားသောက်စရာတို့အား အသေအချာထုတ်ပိုးပြီးနောက် ခရီးဆက်ရန်ပြင်ဆင်ကြရသည်။

မြို့တော်ဂိတ်ဝထွက်သည်အထိ အကူအညီပေးမည့်ဂျီမင်သည်လည်း ဂျောင်ဟိုဆော့၏အိမ်တွင်ရောက်ရှိနေခဲ့သည်။

"အချိန်မလင့်ခင်သွားကြတော့ ဆော့ဂျင်နဲ့သခင်လေးတို့!!"

"ကောင်းပြီ!!"

"ဟိုဆော့... ဒီအတောအတွင်းကျနော်တို့ကိုခေါ်ထားပေးလို့အများကြီးကျေးဇူးတင်ပါတယ်နောိ!!"

"ဒါပြောစရာလူတွေမှမဟုတ်ပဲ ဆော့ဂျင်ရယ်!!"

"မဟုတ်တာ.. အမှန်ဆို ကျနော်ကရာဇဝတ်သားဆိူလည်းမမှားဘူးလေ ဒါတောင်ဟိုဆော့ကလက်ခံပေးခဲ့တာ!!"

"ကဲ ဆော့ဂျင်..ကျနော့်ကိုတကယ်ကျေးဇူးတင်တာဆိုရင် ဒီလိုတွေထပ်မပြောနဲ့တော့...နှစ်ယောက်သားပျော်ပျော်ရွင်ရွင်နေကြနော်!!"

"အဲ့တာတော့စိတ်ချ.. ကျနော်က ဆော့ဂျင်ကိုအမြဲပျော်အောင်ထားမှာ!!"

"သခင်လေးဂျွန်ကိုယုံပါတယ်!!"

"ဒါဆို ဟိုဆော​့ သွားတော့မယ်...  အဆင်ပြေတဲ့အခါပြန်တွေ့ကြမယ်လေနော်!!"

"ကောင်းပါပြီဗျာ...ကောင်းသောခရီးဖြစ်ပါစေ!!"

ဟိုဆော့နှင့် ဆော့ဂျင်တို့၏နှုတ်ဆက်စကားဝိုင်းအဆုံးသတ်ပြီးသည့်နောက်တွင် ဂျီမငိမှဦးဆောင်ကာ ထိုအိမ်အတွင်းမှထွက်လာခဲ့လေသည်။

မြို့တံခါးနှင့်နီးကပ်လာချိန်တွငိ လိုက်ပို့ပေးသောဂျီမင်နှင့်လည်း နှုတ်ဆက်စကားဆိုရန်အချိန်တန်ပြီဖြစ်လေသည်။

"ဂျီမင်.. အမေ့ကိုအားတိုင်းသွားကြည့်ပေးပါဦး...ပြီးတော့ ငါလည်းအဆင်ပြေရက်ပြန်လာတွေ့ပါမယ်လို့ပြောပေးကွာ!!"

"စိတ်ချပါ... ဒေါ်လေးတို့အတွက်စိတ်မပူနဲ့... မင်းနဲ့ဆော့ဂျင်သာ ဟိုမှာတစ်အိုးတစ်အိမ်ထူထောင်ရင်း ကောင်းကောင်းနေကြ!!"

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now