Episode 21: believe me

899 130 67
                                    

အိမ်ရှေ့စံစီစဥ်ပေးထားသော ချစ်ကြည်ရေးကုန်လမ်းကြောင်းအတိုက်ခိုက်ခံရမှုနှင့်ပတ်သတ်၍ သိပ်မကျန်တော့သည့်အလုပ်များအား မင်းမှုထမ်းများနှင့်လွှဲကာ နန်းတော့ရှိရာသို့ပြန်လာခဲ့ကြသည်။

နန်းတော်တွင်ဖြေရှင်းရမည်များ များသောကြောင့်  ထယ်ယောင်းသည် နန်းတော်တွင်နေခဲ့ပြီး ဂျီမင် ဂျောင်ကုနှင့် ဆော့ဂျင်တို့သည် အိမ်တော်သို့ပင်ပြန်လာခဲ့ကြသည်။

ထယ်ယောင်းနှင့်စနမ်းမိသည့်အချိန်မှစ၍ ထယ်ယောင်း၏ ရင်ဖွင့်စကားတို့အားကြားကြီးသည့်နောက်တွင် အရှင့်ရဲ့အပိုင်ဖြစ်လိုနေသောဂျီမင်သည် နောက်တွန့်နေခြင်းမရှိပါပဲ လက်ခံခဲ့လေသည်။

ချစ်ခြင်းတွင် အိမ်ရှေ့စံဟူသောအရိုက်အရာကိုလည်းမေ့ထားခဲ့ကြသည်။ နန်းမွေအတွက် မွေးဖွားပေးနိုင်သူသာ အိမ်ရှေ့စံမိဖုရားမြောက်ရမည်ဆိုသည်ကိုလည်းမေ့ထားခဲ့ကြသည်။

လတ်တလောတွင် အရာအားလုံးအားမေ့ကာ အချစ်သင်္ဘောကြီးအားမောင်းနှင်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင်ကြည်နူးနေသော ထယ်ယောင်းနှင့် ဂျီမင်တို့ကြောင့် အလာလမ်းတွင် သဲသဲကဲကဲ ဖြစ်ခဲ့ပါသော ဆော့ဂျင်နှင့် ဂျောင်ကု တို့ပင် လက်မြောက်အရှုံးပေးရသည်အထိပင်။

ချစ်ပြတတ်သည့်နေရာတွင် ဂျောင်ကုသည် ထယ်ယောင်းအား ဆရာခေါ်ရမည်ပင်။
လမ်းခုလတ်နားချိန်တွင် ဂျီမင်ထိုင်ရသည့်နေရာသည် ထယ်ယောင်းပေါင်ပေါ်တွင်သာဖြစ်သည်။

မြင်းစီးရာတွင်လည်း နှစ်ယောက်အတူတူစီးသဖြင့် ဂျီမင်သည်ထယ်ယောင်းရင်ခွင်ထဲတွင်သာအချိန်ပြည့်ရှိနေသည်။

ဘာစားစား ဂျီမင်နှင့်အတူ ခွဲဝေစားသည်။ ရေသောက်မည့်အခါတိုင်းတွင် လက်ကလေးခံကာ ထယ်ယောင်းကိုယ်တိုင် ရေတိုက်လေ့ရှိသည်။

ထိုကဲ့သိူ့ အသေးဖွဲက အစ ချစ်ပြနေသော ထယ်ယောင်းကြောင့် အားကျမခံ ဂျောင်ကုမှလညိး ဆော့ဂျင်အနားကပ်ရာတွင် ရလိုက်သည်က လက်ဝါးစာသာ

"ဂျောင်ကု... ဘယ်လိုဖြစ်နေတာလဲ... ကျနော် ကလေးမဟုတ်ဘူး!!"

ထိုစကားများသည်လည်း ကပ်လျက်အမြဲကြားရသည်။

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now