episode 11: ဆုတောင်း

1K 174 69
                                    

လေတစ်ချက် ဝှေ့ယမ်းလိုက်ချိန်တွင် အမှောင်ရိပ်တစ်ခု၌ ရိုးရာဝတ်စုံဝတ်ဆင်ကာ ပေါ်လာသူသည် ကင်နမ်ဂျွန်း။

*ကျစ်* ဟူ၍ တစ်ချက်စုတ်သပ်ကာ ကိုယ့်ကိုယ်ကို ငုံ့ကြည့်နေသည်။

"ဒီလိုခေတ်တွေကိုမုန်းပါတယ်ဆိုမှ အဲ့ကောင် ကြောင့် ရောက်လာရပြန်ပြီ.. တွေ့မှ တရားရေးရာကို မပို့ခင် အရေခွံဆွဲစုတ်ပစ်ဦးမယ်!!"

နမ်ဂျွန်း တစ်ကိုယ်တည်းပြောဆိုပြီးနောက် ဘေးဘီဝဲယာကြည့်ကာ ထိုနေရာမှ ထွက်လာခဲ့တော့သည်။ ဒီခေတ်တွင် သူ့အတွက် mission သည် ဖန်လုံး၏ အကျိုးသက်ရောက်မှုကြောင့် ရောက်လာသူကို ပြန်ပို့ရမည့်အပြင် ဒိခေတ်တွင် ထွက်ပြေးသွားသော သေမင်းသည်လည်းရှိနေပေသည်။ သူတို့နှစ်ယောက်လုံးအား ဖန်လုံးနှင့်အတူ ခေါ်ဆောင်သွားရပေမည်။

.
.
.
.
.
.
.

လွန်ခဲ့သောညက သခင်လေးကင်ထယ်ယောင်းနှင့်အတူ သောက်မိပြီး အဆောင်တော်ရှေ့တွင်အိပ်ပျော်သွားသည်။ နိုးထလာချိန်တွင် ဂျောင်ကုအခန်းထဲတွင် နိုးလာရသောကြောင့် ဘာကြောင့်မှန်းမသိ ဂျောင်ကုအား ရှောင်ဖယ်နေမိသည်။ ကိုယ်တိုင်လည်းရှောင်နေမိခြင်း အကြောင်းအရာအား မသိ။ သို့သော် ဂျောင်ကုအား မျက်နှာခြင်းမဆိုင်မိစေရန်ရှောင်နေမိသည်။

ထိုညက မက်တဲ့ အိမ်မက်ကြောင့်ဆိုလည်းမမှားပေ။ ထိုညက အိမ်မက်ထဲတွင် ဂျောင်ကုနှုတ်ခမ်းတို့အား တရှိုက်မက်မက် ဖိကပ်စားသုံးမိသည်ဟူသော ရူးကြောင်ကြောင်အိမ်မက်ကြောင့်လည်းဖြစ်သည်။ လက်တွေ့ကဲ့သို့ နူးညံံ့ခြင်းအားခံစားရသော်လည်း ဂျောင်ကု၏ ပုံမှန်ပုံစံကြောင့် အိမ်မက်ဟုသာထင်မိသညိ။ သို့သော် ကိုယ့်အိမ်မက်ကို ပြန်ပြီးရှက်နေမိသူ အတွက် ဂျောင်ကုအား မျက်နှာခြင်းဆိုင်ရန် လွန်စွာခက်ခဲနေမိသည်။

.
.
.
.
.
.

ဂျောင်ကုသူ့အားရှောင်နေသော ဆော့ဂျင်ကို ဒီကနေ့တော့ အမိအရ ဖမ်းရတော့မည်။ တစ်ရက်ခွဲတိတိ မိမိကို မြင်သည်နှင့်ပြေးရှောင်နေသောဆော့ဂျင်ကြောင့် ထိုညအကြောင်းမှတ်မိနေလို့လာဟူ၍ပင်တွေးမိနေသေးသည်။
သို့သော် ဆော့ဂျင်မူးနေသောကြောငိ့ မမှတိမိလောက်ပါဘူးဟူ၍ တွေးကာ မသိသလိုနေပေးပါသော်လည်း ဆော့ဂျင်မှာ မိမိအားရှောင်နေခဲ့လေသည်။

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now