တစ်ရက်တာ စကားမပြောဖြစ်သောနေ့၏အဆုံးသတ်တွင် ပုံမှန်ဖြစ်သောနေ့ရက်များပြန်လည်ရောက်ရှိလာခဲ့သည်။
မနက်စာအား အတူတူစားသုံးဖြစ်ပြီး ဆော့ဂျင်၏လက်အား ဆေးထည့်ပြီးမှသာ နန်းတော်သို့စာသင်ရန် ဂျောင်ကုသွားလေသည်။အိမ်တော်တွင်ကျန်ခဲ့သောဆော့ဂျင်သည် သခင်မကြီးနှင့်အတူ စကားစမြည်ပြောတတ်သကဲ့သို့ အလုပ်သမားများနှင့်လည်းဝိုင်းကူလုပ်ပေးတတ်သေးသည်။ တချို့သောအချိန်များတွင် ယွန်းဂီနှင့်သာ အချိန်ကုန်တတ်သည်။
ဆော့ဂျင်သည် အနေကြာလာသည်နှင့်အမျှ ဂျွန်းအိမ်တော်၏ အချစ်ခံလေးတစ်ယောက်လည်းဖြစ်လာသည်။ ထိုအထဲတွင် အရောမဝင်သူ သခင်ကြီးဂျွန်းတော့မပါပေ။ ဆော့ဂျင် သခင်ကြီး ဂျွန်းနှင့် မျက်နှာချင်းဆိုင်ဖူးသော အချိန်သည် လက်ချိုးရေလို့ပင်ရသည်။ သခင်ကြီးဂျွန်း နန်းတော်သွားသည့်အခါမှသာ သခင်မကြီးရှိရာအိမ်တော်သို့ ဆော့ဂျင်ခြေဦးလှည့်သည့်အတွက်ကြောင့်ဆိုလည်းမမှားပေ။
ကင်ထယ်ယောင်းအား သခင်လေးကင်ဟုခေါ်သော်ကြောင့် ဆော့ဂျင်အား အကိုလေးကင်ဟု ခေါ်ကြသည်။ မဟုတ်လျှင် ထယ်ယောင်းအိမ်လာသည့် အခါတိုင်း ကင် နှစ်ယောက်ကြား အိမ်စေများ မှားလေ့ရှိသောကြောင့်ဖြစ်သည်။
ယနေ့တွင်လည်း စာသင်ပေးရန် နန်းတော်သို့ ဂျောင်ကု ပြင်ဆင်ပြီးထွက်သွားလေသည်။ သို့သော် သိပ်မကြာသောအချိန်တွင် ဂျောင်ကုစီးတော်မြင်းမှ မြင်းခွာသံသည် အိမ်တော်အတွင်းပြန်လည်ကြားလိုက်ရသည်။
"ဂျောင်ကု...ခုနကမှသွားတာမဟုတ်ဘူးလား...ဘာကျန်ခဲ့လို့လဲ!!!"
ဂျောင်ကုအိပ်ဆောင်ထဲသို့ ဆော့ဂျင်အနောက်မှတကောက်ကောက်လိုက်ကာ မေးနေမိသည်။
"မကျန်ခဲ့ဘူးဆော့ဂျင်...ကိုယ် မင်းသမီးတို့နဲ့ တောကစား ထွက်ရမှာမို့!!!"
"တောကစားထွက်မှာ..ဟုတ်လား... မင်းသမီးနဲ့ နှစ်ယောက်ထဲလား!!!!"
"ဖြစ်နိုင်ပါ့မလားဆော့ဂျင်ရယ်.... အိမ်ရှေ့စံပါ ပါပါတယ်ခင်ဗျ!!!"
"ဪ.... ပြီးတာပဲ... မင်းသမီးနဲ့နှစ်ယောက်ထဲမဟုတ်ရင်!!"
"မင်းသမီးနဲ့ နှစ်ယောက်ထဲဆိုရင် ဘာဖြစ်လို့လဲ!!!"
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fanfictionကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်