ဆော့ဂျင်တစ်ယောက် ကပ်စေးနဲလွန်းသည့်ဂျောင်ကုရှေ့မှ အရင်ထွက်လာခဲ့တော့သည်။
ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ဆက်လျှောက်နေသော်လည်း သခင်လေးပတ်နှင့် သခင်လေးထယ်ယောင်းတို့မှာလည်း ခပ်လှမ်းလှမ်းတွင်ကျန်ခဲ့သည်။ဟိုလူဂျောင်ကုဆိုသူမှာလည်း အခုထိပင်လိုက်မလာသေး။ ဒါသာသူ့ခေတ်ဆိုလျှင် ဂျောင်ကုသာ သူ့ဝန်ထမ်းဆိုလျှင် အလုပ်ဖြုတ်ပစ်ပြီးနေလောက်ပြီဟူ၍ စိတ်ထဲတွင်တွေးကာ ကျိတ်ဝမ်းသာနေသည်။
ထိုစဥ် အနောက်သို့လှည့်ကြည့်လှည့်ကြည့်နဲ့လျှောက်လာသောသူမှ ဆော့ဂျင်အား မမြင်ပဲဝင်တိုက်မိလေသည်။"အား...နာလိုက်တာ..ဟေ့လူ လမ်းဘယ်လိုလျှောက်နေတာလဲ!!!"
ဆော့ဂျင် ချော်လဲသွားသဖြင့် ပွန်းသွားသောလက်လေးအား ပုတ်ကာ အရှေ့မှလူအားရန်တွေ့လိုက်သည်။
အဝတ်တို့ကို ကြုံသလိုဝတ်ဆင်ထားပုံရသော ထိုလူသည် မျက်နှာအား ကွယ်ဝှက်ထားသေးသည်။"Sorry!!"
ဆောရီး တစ်ခွန်းပြောကာ နီးစပ်ရာလမ်းကြားထဲပြေးဝင်သွားသောကြောင့် ဆော့ဂျင် ငေးသာကြည့်နေမိသည်။
"ဒီလူက အခုငါ့ကို sorry လို့ပြောသွားတာလား!!!... အဂ်လိပ်လိုလေ...ဒါဆို သူကရော ငါ့လိုပဲ!!!"
"ဆော့ဂျင်!!"
ဆော့ဂျင်ချော်လဲရာမှမထသေးပဲ ငေးကြည့်ရင်းရေရွတ်နေသော သူ့အနားသို့ ဂျောင်ကုအပြေးရောက်လာခဲ့သည်။
"ဆော့ဂျင် ဘာဖြစ်သွားသေးလဲ!!... လက်ပြဦး ပွန်းသွားတာပဲ...ဘယ်လိုဖြစ်ရတာလဲကွာ!!!"
"ဘာမှမဖြစ်ဘူး..ငါ့ဘာသာချော်လဲတာ!!!"
"တစ်ယောက်ထဲချော်လဲရအောင် မင်းက ကလေးလား!!"
"ကလေးဖြစ်မှ ချော်လဲလို့ရတာလား...လူကြီးလဲချော်လဲလို့ရတာပဲဟာကို!!"
တစ်ခွန်းမကျန် ကပ်ကပ်လန်ပြန်ပြောနေသော ဆော့ဂျင်အား ဂျောင်ကု ခေါင်းလေးသာခါပြလိုက်ပြီး ဆော့ဂျင်လက်ဖဝါးလေးအားဆွဲယူကာ ဂျောင်ကု ဝတ်ရုံအနားစနှင့် ဖွဖွလေး သုတ်ပေးနေသည်။
"အိမ်တော်ရောက်မှ ဆေးထည့်ပေးမယ်...လာအခုမုန့်စားရအောင်!!"
မုန့်အသံကြားရသည်နှင့် မှုန်ကုတ်နေသောအကြည့်တို့သည် အလိုလိုပြောင်းသွားခဲ့သည်။
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fiksi Penggemarကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်