*ဟူး....*
ဖယောင်းတိုင်လေးအားမှုတ်လိုက်သည်နှင့် ဘွားကနဲ ပေါ်လာသော သေမင်းနမ်ဂျွန်းသည် ရေနွေးခွက်လေးကိုင်လျက်သားနှင့်ပင်။
ပါးချိုင့်များပေါ်လွင်သည်အထိ ပြုံးပျော်နေသော နမ်ဂျွန်းသည် ပျော်စရာရှိနေပုံပေါ်သည်။သို့သော် ထိုအပျော်တို့သည် ချက်ချင်းလက်ငင်းပင် ကွယ်ပျောက်သွားရသဖြင့် သေမင်းနမ်ဂျွန်းမျက်နှာသည် လငပုတ်ဖမ်းသကဲ့သို့ မှောင်မိုက်သွားရသည်။
"ကင်ဆော့ဂျင်... မင်းဘာလို့ခေါ်ပြန်ပြီလဲကွာ!!! အချိန်ကောင်းဆိုလုပ်ပြီ!!!!"
"ဟို...အဲ့တာက!!!"
"ပြောစရာရှိတာပြောကွာ..မြန်မြနိ... ဘာလဲ ဟိုသေမင်းကိုတွေ့လို့လား!!"
"ဟီးးး...မဟုတ်ဘူး... ကျနော် တစ်ယောကိထဲတောထဲမှာကြောက်လို့...အဲ့တာ!!"
"အဲ့တော့ မင်းက ငါ့ကိုအဖော်ခေါ်တယ်ပေါ့လေ... ဟိတ်ကောင်.. မင်းအဖော်ခေါ်လိုက်တဲ့ငါကရော..ဘာလဲဆိုတာမေ့နေတာလား...သေမင်းနော် သေမင်း!!"
"သေမင်းမှနိးသိတယ်လေ.. ဒါပေမယ့် ခင်ဗျားထက် ဒီတောထဲက ဘာမှန်းမသိတဲ့ဟာတွေက ပိုကြောက်ဖို့ကောင်းတာကို!!!"
"မင်းကိုတော့ လက်လန်တယ်သိလား ကင်ဆော့ဂျင်... မင်းနဲ့တွေ့မှ ငါလည်း သေမင်းလား ခိုင်းဖက်လားမသဲကွဲတော့ဘူး!!!"
"သူငယ်ချင်းလို့ သဘောထားလိုက်ပါ သေမင်းနမ်ဂျွန်းကလည်း!!!"
"တော်စမ်းပါ... နေပါဦး မင်းက ဒီတောထဲ အဖော်မပါ ဘာမပါနဲ့ ဘာလာလုပ်တာလဲ! !"
"အဲ့တာက... သခင်လေးပတ်နောက်လိုက်လာတာ လမ်းပျောက်သွားလို့..ဒါနဲ့ သေမင်းနမ်ဂျွန်းက အချိန်ကောင်းရှိတယ်နဲ့တူတယ် လက်ထဲမှာလညိး ရေနွေးခွက်နဲ့!!"
"......"
"ဒီခွက်ဒီဇိုင်းမြင်ဖူးသလိုပဲ!!... ဧကန္တ... ရှေ့ဖြစ်ဟော ဂျောင်.....wow...တကယ်ပဲ အတူတူရှိနေကြတာလား.. သေမင်းနမ်ဂျွန်း နဲ့ ရှေ့ဖြစ်ဟောဂျောင်နဲ့!!!"
နမ်ဂျွန်းလက်ထဲက ရေနွေးခွက်လေးကို မီးတိုက်လေးနှင့်အနီးကပ်ကြည့်ပြီးနောက် နမ်ဂျွန်းအား ပြုံးစစ မျက်နှာထားဖြင့် ဆော့ဂျင်မေးနေသညိ။
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fanfictionကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်