Episode 5: သူငယ်ချင်းအသစ်

1.2K 201 72
                                    

ဂျွန်းအိမ်တော်ရှိ သခင်လေးဂျွန်း၏ အဆောင်တော်တွင် ထမင်းဝိုင်းအားအပိုင်စီးကာ တစ်ဦးထဲထိုင်စားနေပါသော ပန်းရောင်အကျီလေးနှင့် ကင်ဆော့ဂျင်... ဘယ်ဘက်တွင် တူတစ်စုံကိုကိုင်ကာ ဟင်းတစ်ချို့အား ဆော့ဂျင်စားနေသောဇွန်းထဲသို့ထည့်ပေးနေသော ပတ်ဂျီမင်..

ညာဘက်တွင်ရေတစ်ခွက်အားကိုင်ကာ အစာမနင်စေရန် ရေတိုက်ပေးနေသော ဂျွန်းဂျောင်ကု..
ဆော့ဂျင်နှင့်မျက်နှာချင်းဆိုင်တည့်တည့်တွင် ပုံဆံထူးဆန်းနေသော ဆော့ဂျင်အားထိုင်ကြည့်ရင်း သူငယ်ချင်းနှစ်ယောက်၏ အဖြစ်ကိုပါကြည့်မိတော့ ခေါင်းလေးကိုသာ တဖြည်းဖြည်း ခါယမ်းနေမိတဲ့ ကင်ထယ်ယောင်း..

"မင်းတို့နှစ်ယောက်က ကလေးမွေးစားထားကြတာလား!!!"

သေချာဂရုစိုက်၍ ထမင်းကျွေးနေကြသော ပတ်ဂျီမင်နှင့် ဂျွန်းဂျောင်ကုတို့နှစ်ယောက်အား ကင်ထယ်ယောင်း စိတ်မရှည်စွာဖြင့်မေးလိုက်သည်။

"မဟုတ်ပါဘူးကွာ..ငါတို့က သူစားရတာအဆင်မပြေမှာဆိုးလို့ပါ..သူက အရင်က ဘယ်လိုနေတာလဲမသိတော့ အခုလိုပုံစံတွေနဲ့အဆင်မပြေမှာဆိုးလို့ပါ!!"

ဂျီမင်မှ ထယ်​ယောင်းဘက်လှည့်ကာ ဖြေလိုက်သည်။

"ဘယ်လို!!!... အမတ်တစ်ယောက်ရဲ့အိမ်ရောက်နေတာတောင် အဆင်မပြေမှာဆိုးလို့ဆိုတော့ သူက ဘုရင့်သားတော်မို့လို့လား!!!"

ထယ်ယောင်း၏ စကားအောက်တွင် ဂျီမင်နှင့် ဂျောင်ကုတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဆော့ဂျင်သည် အနာဂတ်ဆိုသောနေရာမှလာသည်ကို ပြောသင့်မပြောသင့် အကြည့်တို့ဖြင့်တိုင်ပင်နေကြသည်။

"အဲ့အကြည့်တွေကဘာတွေလဲ... ငါ့ကိုဖုံးကွယ်ထားတာရှိတယ်မလား!!!"

"......"

"ဖြေကြလေ ငါကရောမင်းတို့သူငယ်ချင်းမဟုတ်ဘူးလား...ငယ်ငယ်ကတည်းက အတူတူကြီးလာတာကို ဘာတွေငါ့ကို ကွယ်ဝှက်နေကြတာလဲ!!!"

"....."

"တကယ်ပဲနှစ်ယောက်လုံးကမဖြေဘူးပဲ.. ငါအာဏာမသုံးချင်ဘူးနော်!!... ဒါမှမဟုတ်လည်း ဟိုကောင်လေး...မင်းဖြေ!!!"

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now