အကျဥ်းချုပ် သို့မဟုတ် Character သဘောထား

1.2K 84 35
                                    

ဒီအပိုင်းလေးက A Film Of Myth ရဲ့ ဇာတ်ကောင်လေးတွေရဲ့ သဘောထားကိုဖော်ပြပေးသွားမှာပါ။
ဇာတ်ကောင်တစ်ခုချင်းစီတိုင်းက ချစ်ခြင်းတရားကိုဘယ်လိုတန်ဖိုးထားတယ်ဆိုတာပြောပြချက်တာပါ။
တချို့ တချို့သောသူတွေက ဒီဇာတ်ကောင်လေးတွေရဲ့ စိတ်နေသဘောထားကိုနားမလည်မှာဆိုးလို့ရှင်းပြပေးတာဆိုလည်းဟုတ်ပါတယ်။

အရင်ဆုံး main character တွေအကြောင်းမပြောခင် side couple ဖြစ်တဲ့ ထယ်ယောင်းနဲ့ဂျီမင်

ဂျီမင်လေးက ငယ်သူငယ်ချင်း ဖြစ်တဲ့ထယ်ယောင်းကို နှစ်ကာလရှည်တစ်ခုကြာတဲ့အထိ သဘောကျနေခဲ့တာပါ။
ဖွင့်မပြောရတဲ့အကြောင်းက သူငယ်ချင်းဆိုတဲ့စည်းရဲ့အပြင်ဘက်မှာဘယ်လိုအရာကစောင့်နေမယ်ဆိုတာ ကြိုမသိလို့ မကြိုးစားခဲ့တာရယ်။ နောက်တစ်ခုက အိမ်ရှေ့စံဖြစ်တဲ့ထယ်ယောင်းမှာမိဖုရားဆိုတာရှိဖို့လိုတာကြောင့် မဖွင့်ပြောခဲ့တာပါ။
သို့သော်လညိး ဆော့ဂျင်လေးကောင်းမှုကြောင့်နှစ်ယောက်သားချစိသူတွေဖြစ်ခဲ့ကြတယ်။

ထယ်ယောင်းကကျတော့ သူ့ဘေးမှာ သူငယ်ချင်းဆိုလို့ ဂျီမင်နဲ့ဂျောင်ကုပဲရှိခဲ့တယိ။ ဆော့ဂျင်ကိုစတွေ့ချိန်မှာ သဘောကျသလိုလိုရှိခဲ့ပေမယ့် ဆော့ဂျင်ရဲ့ ရွေးချယ်မှုက ဂျောင်ကုဆိုတာသိရချိန်မှာ သူငယ်ချင်းအတွက်အလျော့ပေးခဲ့တယ်။
ဆော့ဂျင်ရဲ့လမ်းပြပေးမှုတွင်လည်း တကယ့်ရင်ခုန်သံအစစ်ဖြစ်ပေါ်ရာနေရာကို တွေ့ရှိခဲ့ရတယ်။
ဂျီမင်နဲ့ဘဝကိုဖြတ်သန်းရချိန်မှာလည်း အချစ်ကိုသာ အဓိကထားပြီး ကန့်ကွက်ကြလျှင်ထီးနန်းကိုတောင်စွန့်လွှတ်ဖို့စဥ်းစားခဲ့တယ်။
အချိန်တစ်ခုကြာတော့မှလက်ခံကြတဲ့အခါ နန်းမွေအတွက် မိဖုရားထပ်မြောက်ပြီးကလေးယူရန်အစီအစဥ်ကိုပါပယ်ဖျက်ခဲ့သည်။ အဓိကအကြောင်းအရင်းမှာ ချစ်သောဂျီမင်အား မိမိ၏တစ်ဦးတည်းသောသူအဖြစ်ထားလိုခြင်းပင်။
ဂျီမင်၏ဖခင်နှင့်ဂျောင်ကုအဖေတို့သည် တိုင်းပြည်ပုန်ကန်သူများဖြစ်သော်လည်း ပုန်ကန်သူကိုသာ အပြစ်ပေးခဲ့ပြီး မသက်ဆိုင်လေသောမိသားစုကိုရှင်သန်ခွင့်ပေးခဲ့သည်။
ထို့ပြင် ပျောက်ဆုံးသွားသောဂျောင်ကုကိုလည်း အစဥ်အမြဲရှာဖွေပေးနေဆဲပင်။
ဂျောင်ကု၏ချစ်ရသူဆော့ဂျင်အားမြှုပ်နှံထားသောနေရာအား ကန့်သတ်နယ်ပယ်အဖြစ်လည်းထားရှိပေးခဲ့ပေးသည်။

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now