(ep 29 နှင့် ep 30 တို့သည် တစ်ရက်ထဲတွင်ဖြစ်ပေါ်သောအကြောင်းအရာများဖြစ်သည်)
နန်းတော်အတွင်းမှ ရဲမက်အမြောက်အများထွက်လာကြမှုကြောင့် မြို့တော်အတွင်းအလွန်တရာမှရုတ်ရုတ်သဲသဲဖြစ်သွားကြရသည်။
စာရင်းတွင်ပါဝင်သောအမတ်ခြောက်ဦး၏အိမ်တော်အသီးသီးသို့ ရဲမက်များအင်အားအလုံအလောက်ဖြင့်ဖမ်းဆီးရန်ထွက်လာခဲ့ကြသည်။"အမတ်ကြီးပတ်...နိုင်ငံတော်ပုန်ကန်မှုနဲ့ဖမ်းဆီးစေ!!!"
"အမတ်ကြီးယူ... နိုင်ငံတော်ပုန်ကန်မှုနဲ့ဖမ်းဆီးစေ!!!"
"အမတ်ကြီးချွဲ.... နိုင်ငံတော်ပုန်ကန်မှုနဲ့ဖမ်းဆီးစေ!!!"
"အမတ်ကြီးဂန်... နိုင်ငံတော်ပုန်ကန်မှုနဲ့ဖမ်းဆီးစေ!!!"
"အမတ်ကြီးနို... နိုင်ငံတော်ပုန်ကန်မှုနဲ့ဖမ်းဆီးစေ!!!"
အိမ်တော်အသီးသီးတွင် အမတ်များအား ဖမ်းဆီးကာနန်းတော်သို့ပင်ခေါ်ဆောင်သွားလေသည်။
"အမတ်ကြီးဂျွန်... နိုင်ငံတော်ပုန်ကန်မှုနဲ့ဖမ်းဆီးစေ!!!"
"ဘယ်ကောင်လဲ..ရာရာစစ...ငါ့လိုအကြီးဆုံးအမတ်တစ်ယောက်ကိုစွပ်စွဲပြီးပြောရဲတာ!!"
အိမ်တော်အား ရဲမက်များဝိုင်းထားသဖြင့် အိမ်တော်အပြင်ဘက်တွင်လည်းလူများစုရုံးလျက်ရှိနေသည်။
"အေးဆေးအဖမ်းခံပါအမတ်ကြီး...ကျနော်မျိုးတို့အင်အားမသုံးပါရစေနဲ့!!!"
"ငါ့လိုအမတ်တစ်ယောက်ကို နိုင်ငံတော်ပုန်ကန်မှုလို့ပြောရအောင် ဘယ်မှာလဲအထောက်အထား!!"
"ရုံးတော်ကိုအသာတကြည်လိုက့ခဲ့ပါ...ဒီထက်ပိုပြီးသိက္ခာမကျချင်ရင်ပေါ့!!"
"......."
"တဖွဲ့တည်းဖြစ်တဲ့တခြားအမတ်တွေလည်းရုံးတော်ကိုဖမ်းခေါ်သွားပြီးပါပြီ အသာတကြည်လိုက်ခဲ့ပါ အမတ်ကြီး!!"
အမတ်ကြီးဂျွန်အားလာရောက်ဖမ်းဆီးသူသည် အိမ်ရှေ့စံ၏ကိုယ်ရံတော်ကိုယ်တိုင်ပင်ဖြစ်သည်။
ရုန်းရင်းဆန်ခတ် နိုင်လှသောအခြေအနေတွင် အမတ်ကြီးဂျွန်အား အင်အားသုံး၍သာဖမ်းခေါ်သွားခဲ့ရသည်။
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fanfictionကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်