ခရီးစဥ်တစ်လျှောက်တွင် အလုပ်ဖြစ်နေသည်က ဆော့ဂျင်။ ရောက်လေရာရွာတိုင်းတွင် ဆော့ဂျင်၏ စီမံခန့်ခွဲမှုအောက်တွင် အလုပ်များအဆင်ပြေစွာလုပ်ကိုင်နိုင်သည်။
ထိုခေတ်အခါက ရာထူးကြီးကြီးလူများကိုယ်တိုင် စီမံဆောင်ရွက်နေလျှင် မင်းမှုထမ်းတို့က စေမြန်ပြီးစေရန် နေ့မနားညမနား အလုပ်သမားများအားခိုင်းစေတတ်သည်။
သို့သော် ခေတ်သစ်မှဆော့ဂျင်အတွက် ထိုကဲ့သို့ခိုင်းစေခြင်းသည် အလုပ်သမားတစ်ဦး၏ အလုပ် ချိန်ထက်ပိုနေသည်ဟု တွေးမိသဖြင့် လူတစ်ဦးလျှင် ရှစ်နာရီစီသာပေးလုပ်သည်။
နေ့ဆိုင်း ညဆိုင်းဟူ၍ နှစ်ချိန်ခွဲကာလုပ်ကိုင်ရသဖြင့် အလုပ်သမားများ မပင်ပန်းပါပဲ အလုပ်ပိုတွင်လေသည်။ထိုသို့သော လုပ်ကိုင်ခွင့်အား ပထမဆုံးသောရွာမှာပင် အကြံပေးကာ လုပ်ခွင့်တောင်းလိုက်သဖြင့် အိမ့်ရှေစံကိုယ်တိုင်ခွင့်ပြုထားခြင်းဖြစ်သည်။ ထို့ကြောင့် စီမံခန့်ခွဲရန်ပါလာသော မင်းမှုထမ်းလည်း အထွန့်မတတ်ရဲပေ။
"သခင်လေးပတ်...သခင်လေးကင်... အေးဆေးနားပါဗျာ..ကျနော်တို့ သေချာလုပ်နိုင်ပါတယိ!!"
ဦးလေးကြီးတစ်ယောက်မှ ဂျီမင်နဲ့ ဆော့ဂျင်တို့အနားသို့လာကာ ပြောဆိုနေခြင်းဖြစ်သည်။
စီမံခန့်ခွဲရေးအား ဆော့ဂျင်တစ်ယောက်ထဲလုပ်ကိုင်ခြင်းမဟုတ် ဂျီမင်နှင့်အတူတူလုပ်ဆောင်သဖြင့် လုပ်ငန်းခွင်နေရာသို့ပင် နေ့နေ့ညညလာကြည့်တတ်ကြသည်။ထိုအချိန်များတွင် အိမ်ရှေ့စံထယ်ယောင်းနှင့် ဂျောင်ကုတို့မှာလည်း နားနေဆောင်တွင် တင်ပြသမျှ ပြည်သူတို့၏အခက်အခဲအားနားထောင်ပေးလေ့ရှိသည်။
ချက်ခြင်းဖြေရှင်းနိုင်လျှင် ဖြေရှင်းပေးခဲ့ပြီး နန်းတော်သို့ တင်ပြရမည်ကိုတော့ မှတ်သားလာခဲ့ကြသည်။"ဆော့ဂျင်!!"
ဂျီမင်တို့နှင့်အတူ စကားပြောနေသောနေရာသို့ ဂျောင်ကုရောက်လာသည်နှင့် ဦလေးကြီးမှလည်းအလုပ်ဆက်လုပ်ရန်ထွက်သွားခဲ့သည်။
ဂျီမင်မှလည်း အလိုက်သိစွာဖြင့်
YOU ARE READING
A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) Completed
Fanfictionကံကြမ္မာ၏စေနှင်ရာအတိုင်းလျောက်လှမ်းခဲ့တဲ့ လမ်းပေါ် ချစ်ခြင်းတစ်စုံတစ်ရာတို့ မွေးဖွားခဲ့တယ်