01

8.9K 396 31
                                    

“ ကြိုဆိုပါတယ် my princess လေး ”
Mr.kim တစ်ယောက် America ကပြန်လာတဲ့သူ့သမီးလေးကို ဖက်ပြီး‌နွေးထွေးစွာကြိုဆိုလိုက်တယ်။

“ ဟီးး appa Omma လွမ်းနေတာ ”
Jen ကသူ့ appa ကိုတလှည့် Omma ကိုတလှည့်ဖက်ပြီးနှုတ်ဆက်လိုက်တယ်။

“ တူတူပါပဲရှင် ”

“ အာ ဒါနဲ့ သူက ”
Mr.Kim တို့ဘေးမှာရပ်နေတဲ့ ဆံပင်ဂုတ်ဝဲ bang ညီညီနဲ့စမတ်ကျကျဝတ်ထားတဲ့သူကို Jen လက်ညိုးထိုးပြီးမေးလိုက်တယ်။

“ အာ မိတ်ဆက်ပေးမယ် ဒါက lalisa manoban သမီးအတွက် ကိုယ်ရံတော် ”
Mr.kim စကားကြောင့် Jen မျက်မှောင်ကျုံ့လိုက်ကာ။

“ သမီး အတွက်ဒါတွေမလိုဘူး appa ဘယ်သွားသွားဘယ်လာလာ သမီး တစ်ယောက်ထဲပဲလွတ်လွတ်လပ်လပ်သွားချင်တယ် ရှုပ်ရှုပ်ယှက်ယှက်တေမကြိုက်ဘူး ”
Lisa ကတော့ဘာမှဝင်မပြောသူ့ဘာသာခပ်တည်တည်ပဲနေနေတယ်။

“ သမီး အတွက် appa စိတ်ပူလို့ပြောနေတာ လီဆာ ကမိန်းခ‌လေးပေမယ့်တော်ပြီးထက်မြတ်တယ် appa စိတ်ချရတဲ့လူတစ်ယောက် စီးပွားရေးလောက ကထင်သလိုလွယ်တာမဟုတ်ဘူး appa သမီးလေးအတွက်စိတ်ပူတယ် သမီး လက်ကိုလက်ခံရတယ် ဒါ appa အမိန့်ပဲ ”
Mr.kim ကပြောပြီးထထွက်သွားတယ်။ Jen ကခြေလေးဆောင့်ပြီးကျန်ခဲ့တယ်။ မကျေနပ်တဲ့ Lisa ကိုမျက်စောင်းတေကြီးလှိမ့်ထိုးနေတယ်။
မလှုပ်မရှပ်နဲ့မတ်တပ်ရပ်နေတာကျောက်ရုပ်ကြီးလားမှတ်ရတယ်။
Jen စိတ်ထဲကနေပြောလိုက်တယ်။

“ ကဲ သမီးလေးရယ် appa ကိုစိတ်မဆိုးပါနဲ့ appa ကသမီးကိုစိတ်ပူလို့လေနော် ”
Jen လည်းဘာမှပြောမနေတော့ပဲ လက်ခံလိုက်တယ်။

“ Nae Omma ”

“ ကဲ ဟိုကလေးမတွေ သမီးလေးအိတ်တွေသယ်ပြီးအခန်းထဲသွားထည့်ချည်သွား ”

Jen Omma ကအလုပ်သမားတွေအပေါ်လည်းစေတနာအပြည့်နဲ့ဆက်ဆံတယ်။ ဘယ်သူ့ကိုမှလည်းမှားရင်မဆူမငေါက်နောက်ခါလုပ်တတ်အောင်သင်ပြတယ်။ တကယ်လေးစားဖို့ကောင်းတဲ့အမျိုးသမီး။

“ လီဆာ လေးအတွက်အခန်းစီစဉ်ထားတယ် လီဆာ လေးကအဲ့အခန်းမှာပဲနေလိုက်နော် ”

“ ဟုတ် အန်တီ ”

တော်သေးတာပေါ့စကားပြောတတ်သေးတာပဲ။ Jen Lisa ကိုမျက်နှာသေကြီးနဲ့စိုက်ကြည့်နေတယ်။ Lisa ကလည်း Jen ကိုပြန်စိုက်ကြည့်နေတယ်။ Jen နှာခေါင်းရှုံ့ကာ သူအခန်းသူတက်သွားတယ်။ Lisa လည်းသူ့ကိုနှာ‌ခေါင်းရှုံ့သွားတဲ့ Jen ကြောင့်မျက်မှောင်ကြီးကျုံ့ကာသူ့အတွက်စီစဉ်ထားတဲ့အခန်းကိုသွားလိုက်တယ်။

Beloved bodyguardWhere stories live. Discover now