11

3.3K 295 33
                                    

ကျမ မနက်အိပ်ယာနိုးလာတော့ဟိုလောရှည်ကောင်ရဲ့ရင်ခွင်ထဲမှာထမလို့လုပ်တော့ဖက်ထားတာတင်းနေတာပဲရုံးလို့မရ။ ကျမ ကလည်းဘယ်လိုဖြစ်လို့သူ့ရင်ခွင်ထဲရောက်သွားလဲမသိပါဘူး။ ညကအိပ်မက်တကယ်လားတော့မသိဘူးဒီ lalisa ကြီးက Jen ပါးလေးကိုနမ်းလိုက်သတဲ့လေ အိပ်မက်ပဲဖြစ်ပါစေဟွန့်...။အိပ်နေတာလေးကချစ်ဖို့ကောင်းလိုက်တာကလေးလေးလိုပဲနှာတံစင်းစင်းလေးနဲ့ ချစ်ဖို့ကောင်းတာကလည်စလုတ်သေးသေးလေးနဲ့လည်ပင်းကမှည့်လေးဟိ။ ခနကြာတော့ သူ လှုပ်လှုပ်ရွရွဖြစ်လာတာနိုးလာတာထင်တယ် ကျမ လည်းမျက်လုံးကိုအတင်းပြန်မှိတ်လိုက်တယ်။ ပြီးတော့ ကျမ မျက်ခွံပေါ်ကမှည့်လေးကိငုံ့နမ်းပြီးကုတင်ပေါ်ကတင်းသွားတယ်။အားး တကယ်ပါပဲနော် စိတ်ရှိလက်ရှိသာအဲ့ လာလီဆာ လည်ပင်းကိုညစ်လိုက်ရရင်တော့သေသွားလောက်တယ်။ ရေချိုးခန်းထဲဝင်သွားပြီးတော်တော်နဲ့ထွက်မလာဘူး ဘာလုပ်နေမှန်းမသိ ဒီကထချင်နေပါပြီဆို။ နာရီဝက်လောက်ကြာတော့ထွက်လာတယ်။ ရေပါတစ်ခါထဲချိုးလာတယ်ထင်တယ် သူ့ ကိုယ်သင်းနံ့လေးကဒီကနေတောင်ရတယ်။ ‌မျက်လုံးလေးတစ်ဖက်ဖွင့်ကြည့်လိုက်တော့ ခေါင်းသုတ်နေတယ် ဘာလဲဟ ခေါင်းထပ်လျှော်လာပြန်တာလား။မနေ့ကလည်းလျှော်သေးတယ် ခုလည်းစောစောစီးစီးကိုနေမကောင်းတေဖြစ်ကုန်မှဖြင့်အား သူ့ဘာသာနေကောင်းကောင်းမကောင်းကောင်း ငါ နဲ့ဘာဆိုင်လဲ Jen ရယ်။ခေါင်းသုတ်ပြီးတော့အဝတ်အစားလဲပြီးထွက်သွားတဲ့ သူ ကျမ လည်းထပြီး‌ရေချိုးခန်းထဲသွားကာရေပါတစ်ခါထဲချိုးလိုက်တယ်။ပြီးတော့ပေါင်လည်လောက်ရှိတဲ့ဂါဝန်အဝါရောင်လေးဝတ်ကာအောက်ထပ်ကိုဆင်းလာတယ်။

Lisa အဖွား နဲ့စကားပြောနေရင်းအပေါ်ထပ်ကဆင်းလာတဲ့ Jen ကိုမြင်ပြီးမှင်သက်သွားမိတယ်။ လှရက်လိုက်တာနတ်သမီးလေးတစ်ပါးလိုပဲ Lisa နှစ်သက်တဲ့အဝါရောင်လေးနဲ့ သူမလေး ကအလွန်အမင်းချစ်ဖို့ကောင်းနေတယ်။အာ့လိုပြောရင်လွန်မလားတော့မသိဘူး Lisa အတွက်တော့ သူမလေး လှတာကအဲ့ထက်တောင်ပိုလှပါသေးတယ်။ သူမလေးက အနားရောက်လာတော့ Lisa ကိုမျက်စောင်းလေးတစ်ချက်ထိုးကာ အဖွား ဘေးမှာဝင်ထိုင်လိုက်တယ်။ Lisa အခုထိ သူမလေး ဆီကအကြည့်မခွာနိုင်သေးပါ။

Beloved bodyguardWhere stories live. Discover now